🎼ကွယ်ရာမှ သာတဲ့လ...
ကြယ်ရောင်တွေလိုတော့ မလှ။
ငါလိုချင်တာက မင်းဆီက အချစ်တစ်ခုပါ။
ဒဏ်ရာတွေကို မြိုချ...
မင်းအဆင့်နဲ့ငါ့ဘဝ မတန်ဘူးလား🎼🎼မတန်မရာတွေ ငါတောင်းတ ...
လူအမြင်မှာ မတော်တဲ့ ဘဝ။
ငါလိုချင်တာက စည်းစိမ်လည်း မဟုတ်ခဲ့ပါ။
ဒဏ်ရာတွေကို မြိုချ...
မင်းအချစ်နဲ့ ငါ့ဘဝ မတန်ဘူးလား🎼🥀🥀🥀🥀 ဇာတ်ရံ🥀🥀🥀🥀
"ခင်ဗျားခိုင်းတဲ့ အတိုင်း ကျွန်တော် လုပ်ပေးခဲ့တယ်နော်...အခု ကျွန်တော်တို့ V Companyမှာ ရင်းနှီးမြုပ်နှံမယ်ဆိုတဲ့ ကတိတည်ဖို့ အချိန်ကျပြီထင်တယ်"
ရန်ကုန်မြို့ပြင်ရှိ အထပ်မြင့် အဆောက်အအုံအတွင်းတွင် အသက်၅၀ကျော်အရွယ်ရှိ လူကြီးတစ်ဦးနှင့် အသက်၂၀ကျော်အရွယ်ရှိ လူငယ်တစ်ဦးတို့ တွေ့ဆုံနေခြင်း ဖြစ်ပေသည်။
ထိုသူများမှာ Jလုပ်ငန်းစု၏ ဥက္ကဋ္ဌဖြစ်သူ ဦးတောက်ထွန်းရှိန်နှင့် Vလုပ်ငန်းစု၏ CEOဖြစ်သူ နေမင်းခတို့ပင်....ဦးတောက်ထွန်းရှိန် နေမင်းခပြောသော စကားကို မဲ့ပြုံးပြုံးကာ...
"ဟက်..ငါမင်းကို ဘုန်းပြည့်လျှံဝေဆိုတဲ့ ကောင် နာမည်ကျသွားအောင်ပဲ လုပ်ခိုင်းတာ...ဆေးခပ်ခိုင်းလို့လား??
hk အခုတော့ ငါ့ဘက်က ရှယ်ယာရှင် တော်တော်များများကပါ သူ့ဘက်ပါကုန်ပြီကွ..."Jလုပ်ငန်းစုဆိုသည်မှာ Sလုပ်ငန်းစုနှင့် အပြိုင် စီးပွားလောကတွင် ထွန်းလင်းနေသော ကြယ်တစ်စင်းဖြစ်လင့်ကစား...အများသိသော Jလုပ်ငန်းများသည် ဗန်းပြသာ ဖြစ်၍ နောက်ကွယ်ရှိ တရားမဝင်မှောင်ခိုလောကတွင်မူ ဆရာတစ်ဆူအဖြစ် ရပ်တည်နေလေသည်။
သို့သော် 'လောဘက အတောမသတ်နိုင်' သကဲ့သို့ Sလုပ်ငန်းစုကို အပိုင်ရယူရန်အတွက် ဦးတောက်ထွန်းရှိန် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့ပြန်သည်။
ဤသို့ကြိုးစားမှုကို အရာမထင်စေခဲ့သူက တခြားသူတော့ မဟုတ်။Sလုပ်ငန်းစု၏ CEO ဘုန်းပြည့်လျှံဝေပင် ဖြစ်သည်။
YOU ARE READING
ဇာတ္ရံ(ဇာတ်ရံ)
Romanceဇာတ်ရံ-ဟုတ်တယ် သူ့ဘဝဇာတ်လမ်းမှာ ဆူးငြောင့်မရှိအောင် ပံ့ပိုးပေးမယ့် ဇာတ်ရံ။ဗီလိန်တစ်ယောက်လို မနာကျင်စေမယ့် ဇာတ်ရံ။ဇာတ်လိုက်တစ်ယောက်လို အချစ်မခံရတဲ့ ဇာတ်ရံ။သူအလေးမထားတဲ့ ဇာတ်ရံ။အာရုံမရှိတဲ့ ဇာတ်ရံ။သူတန်ဖိုးမထားတဲ့ ဇာတ်ရံ။ဇာတ်ရံနေရာမှာ ကျေနပ်နေတဲ့ဇာတ်ရ...