လေယာဉ်ဆိုက်သည်နှင့် တန်းဝင်လာသော အမေဖြစ်သူ၏ ဖုန်းနံပါတ်ကြောင့် ရှင်းရတုပိုင် ဖုန်းကို ခပ်သွက်သွက် ကိုင်လိုက်ရသည်။
"ဟယ်လို အမေ"" 'ရတု' သား...ဘာလို့ အမေဖုန်းကို မကိုင်တာလဲ။ကိုဘုန်းနဲ့ အတူ ရန်ကုန် ပြန်လိုက်လာတယ်ဆို??"
ဖုန်းထဲမှ အမေ့အသံသည် ပုံမှန်ထက် အနည်းငယ် စိုးရိမ်နေဟန်တော့ ရှိသည်။"ဟုတ်တယ် အမေ...ကျွန်တော် သော်တာ ပျောက်နေတဲ့ ကိစ္စကို သံသယရှိနေလို့ပါ။ကျွန်တော် ကူညီချင်တယ်"
"ဒါပေမယ့် မင်းက ငယ်သေးတယ်လေ။ဘာလုပ်နိုင်ဦးမှာလဲ။အမေ စိတ်ပူတယ် သားရယ်"
"ကျွန်တော် အသက် ၁၈နှစ်ပြည့်ပြီးပါပြီ အမေရဲ့...ကျွန်တော် ရင်ဆိုင်ရမယ့် အရာတွေကို ရင်ဆိုင်ဖို့သင့်ပြီ မဟုတ်လား။"
ဘယ်တော့မဆို ကလေးတစ်ယောက်လို ပြောဆိုဆက်ဆံနေခဲ့သော မိခင်ဖြစ်သူ။ပူလောင်နာကျင်နေရသည်များကိုလည်း တစ်ယောက်တည်း ကြိတ်မှိတ်၍သာ...
မကောင်းသော ပထွေးဖြစ်သူ ရန်မှ သားဖြစ်သူကို အမြဲကာကွယ်ပေးခဲ့ပြီး...
အားကိုးစရာ ခင်ပွန်းမရှိ မိတ်ဆွေ ဟူ၍ မရှိ။တစ်ကိုယ်တော် မိခင်တစ်ယောက်အဖြစ် လောကဓံကို ကြံကြံခိုင်ကာ ရှင်းရတုပိုင် ဆိုသော သားဖြစ်သူကို လူတစ်လုံး သူတစ်လုံးဖြစ်အောင် မြေတောင် မြှောက်ပေးခဲ့သည်။အမေ့ကျေးဇူးသည် မြင်းမိုရ်တောင်ထက်ပင် ကြီးမားလွန်းသည်။
အမေ့ကျေးဇူးကို ကမ္ဘာအဆုံး ဘယ်အရာနဲ့မျှ တိုင်းတာ၍မရသော်လည်း မိဘကျေးဇူးဆပ်ဖူးချင်သော ရှင်းရတုပိုင်အဖို့...
မိခင်ရှေ့မှ မားမားမတ်မတ်ရပ်တည် ကာကွယ်ပေးနိုင်သော သားတစ်ယောက်...
ကိုယ့်ပြဿနာကိုယ် အကောင်းဆုံး ဖြေရှင်းနိုင်သည် သာမက အမေ ရင်ဆိုင်နေရသော အခက်အခဲများကိုပါ ကူညီဖြေရှင်းပေးနိုင်သော သားတစ်ယောက်...
ငိုယိုဂျီကျတတ်သော ကလေးတစ်ယောက် အဖြစ်မှ အမေဖြစ်သူ အားကိုးယုံကြည်နိုင်ရမည့် သားတစ်ယောက်အဖြစ်သို့ ပြောင်းလဲနိုင်အောင် ကြိုးစားမည်...
ကိုယ် ချစ်ရတဲ့ သူများကို အကောင်းဆုံးကာကွယ်ပေးနိုင်ရမည်ဟူသော ဆန္ဒများအတွက်...
ရင့်ကျက်ရဲရင့်သော လူတစ်ယောက်အဖြစ် ရင်ဆိုင်သင့်သည်များကို အကောင်းဆုံးရင်ဆိုင်ဖြေရှင်းမည်ဟုသာ ထစ်တစ်ချ ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်သည်။
YOU ARE READING
ဇာတ္ရံ(ဇာတ်ရံ)
Romanceဇာတ်ရံ-ဟုတ်တယ် သူ့ဘဝဇာတ်လမ်းမှာ ဆူးငြောင့်မရှိအောင် ပံ့ပိုးပေးမယ့် ဇာတ်ရံ။ဗီလိန်တစ်ယောက်လို မနာကျင်စေမယ့် ဇာတ်ရံ။ဇာတ်လိုက်တစ်ယောက်လို အချစ်မခံရတဲ့ ဇာတ်ရံ။သူအလေးမထားတဲ့ ဇာတ်ရံ။အာရုံမရှိတဲ့ ဇာတ်ရံ။သူတန်ဖိုးမထားတဲ့ ဇာတ်ရံ။ဇာတ်ရံနေရာမှာ ကျေနပ်နေတဲ့ဇာတ်ရ...