Part26{Z&U}

1.3K 151 42
                                    

သာယာနေသော ရာသီဥတုတွင် စာမေးပွဲကို အကောင်းဆုံးဖြေနိုင်ခဲ့ခြင်းက သော်တာရှင်းသန့်ကို စိတ်ကြည်နူးစေသည်။
အရင်နေ့တွေကလည်း ကောင်းကောင်းဖြေနိုင်ခဲ့ပေမယ့် ဒီနေ့ကိုတော့ ပိုပြီး အားရမိသည်။
နောက်ကျန်တဲ့ ၂ဘာသာကိုလည်း ဒီနေ့ထက် ပိုကောင်းအောင် ဖြေဆိုရမည်ဟုသာ အားမွေးပြီး စာမေးပွဲခန်းမှ ထွက်လာလိုက်သည်။
သို့ရာတွင် သော်တာ ပျော်နေသလောက် သူငယ်ချင်းဖြစ်သူ ယမင်းသူဇာကတော့  အခန်းရှေ့တွင် ငုတ်တုပ်ထိုင်လျက် ထိုင်းမှိုင်းလို့နေသည်။

"ဟဲ့ ယမင်းမ...နင့်ကြည့်ရတာလည်း အဝတ်စုတ်ကို ကားတက်ကြိတ်ထားတဲ့ ရုပ်နဲ့"
အပျော်သဘောနဲ့ စလိုက်ခြင်းဖြစ်သည်။

သို့သော် ယမင်းသူဇာကတော့ အရင်လို စွာတေးလန်မလေးအဖြစ် ပြန်လည်တုံ့ပြန်ခြင်း မပြုပဲ ခေါင်းကို အောက်ငုံ၍ သက်ပြင်းရှည်ကြီး ချလိုက်သည်။

ဟင်းးးး

သူ့သူငယ်ချင်းကို ရွှင်နောက်နောက်ပုံစံဖြင့်သာ မြင်ခဲ့ရသည်က များသည့်အတွက် ယမင်းမ၏ ဒီလိုပုံစံသည် သော်တာ့အတွက် ကြုံခဲလှသည်။
အလွန်အမင်း စိတ်ညစ်နေချိန်/အလွန်အမင်း စိတ်ပင်ပန်းနေချိန်များတွင်သာ တွေ့ရတတ်ပေသည်။

"ယမင်း နင် ဘာလို့လဲ...ဘာဖြစ်လို့လဲ??ငါ စလိုက်လို့လား??ဒါမှမဟုတ် စာမေးပွဲ မဖြေနိုင်လို့လား??"

ခေါင်းခါပြသည်။
"သွားရအောင်လေ...ကိုဘုန်း စောင့်နေတယ် မဟုတ်လား"ဟု ပြောပြီးသည်နှင့် သော်တာ့ကိုတောင် မစောင့်တော့ပဲ ရှေ့ကနေ ထွက်သွားသည်။
လမ်းတစ်လျှောက်လုံးလည်း သော်တာ့ကို လှည့်မကြည့်..အရင်ကလို စကားလည်း တစ်ခွန်းမှ မပြောပါပဲ ကိုယ့်လမ်းကိုယ်သာ လျှောက်နေသော ယမင်းသူဇာ။
ကျောင်းဝရောက်ခါနီးမှ မျက်လုံးကို လက်ဖြင့်အုပ်ကာ အဝေးသို့ ပြေးထွက်သွားလေသည်။
သော်တာလည်း မတတ်နိုင်တော့ ငို၍ထွက်သွားသော သူငယ်ချင်းဖြစ်သူ နောက်သာ ပြေးလိုက်ရလေသည်။

တက္ကသိုလ်ဥယျာဉ်၏ သစ်ပင်တစ်ပင်၏ အရိပ်ရသော ခုံတန်းအောက်တွင် ထိုင်ကာ တရှုံ့ရှုံ ငိုနေပါသော သူငယ်ချင်းဖြစ်သူ။
"ဘာလို့လဲ...ဘာလို့ ငါကျမှ ဒီလိုကိစ္စတွေ ဖြစ်နေရတာလဲ ဟင့်"

ဇာတ္ရံ(ဇာတ်ရံ)Where stories live. Discover now