Part6(Z&U)

2K 216 47
                                    

ဘုန်းပြည့်လျှံဝေ မင်္ဂလာဆောင်အပြီး ပင်ပန်းနေပြီမို့ သော်တာရှင်းသန့်နှင့် အတူ ပြန်ရန် စိတ်ကူးထားသော်လည်း လုပ်ငန်းရှင်များ၊ရှယ်ယာရှင်များရဲ့ မင်္ဂလာ အသောက်အစား ဖိတ်ကြားမှုကြောင့် သော်တာ တစ်ယောက်တည်းသာ ပြန်လွှတ်ပြီး သူကတော့ မကောင်းတတ်၍ လိုက်လာခဲ့ရသည်။

အမှန်တကယ်တော့ လုပ်ငန်းရှင်များရဲ့ အသောက်အစားပွဲ ဆိုသည်မှာ တခြားတော့ မဟုတ်၊ darksideလို့ဆိုရလောက်အောင်  သူများသတင်းအပုတ်အပွများကို နှစ်ခြိုက်တတ်သော ပုဂ္ဂိုလ်များ၏ စုဝေးရာ ဖြစ်သည်။
ဘုန်းပြည့်လျှံဝေ အတင်းအဖျင်းများကို သဘောမကျသော်လည်း သတင်းအကျင်းများရတတ်သည်မို့ တစ်ခါတစ်ရံတော့ ပါဝင်ရသည်။
အခုလည်း သူ ဟိုကောင်လေးနှင့် မင်္ဂလာပွဲ အကြောင်း ဘာတွေ အပုတ်ချဦးမလဲ မပြောတတ်ပါ။မလိုက်လာရင် ပိုဆိုးနိုင်သည်မို့ မတတ်သာပဲ လိုက်ပါခဲ့သည်။

ထင်ထားသည့်အတိုင်းပင် သူတို့အကြောင်း စကားစလာသော ရှယ်ယာရှင်တစ်ဦး...
"တကယ်စိတ်မကောင်းဖြစ်မိတယ်ဗျာ...ကိုဘုန်းလို လူတစ်ယောက်က ယောကျာ်းလေး တစ်ယောက်နဲ့ လက်ထပ်လိုက်ရတယ်လို့"

"အေးဗျာ..စိတ်တော့ တကယ်မကောင်းဘူး...ကိုဘုန်းက တာဝန်ယူတတ်တဲ့ လူမျိုးမလို့သာပေါ့"

"ဒါနဲ့ ကောလဟာလတွေကရော အမှန်တွေပဲလား...ကိုဘုန်းကို အဲကောင်လေးက ဆေးခပ်ခဲ့တယ်ဆိုတာ..."

"ဟုတ်တယ်..ကျွန်တော်လည်း ကြားမိတယ်...Vလုပ်ငန်းစုက သူ့ကို အမွှေပြတ် စွန့်လွှတ်လိုက်ပြီတဲ့"

တစ်ယောက်တစ်ပေါက်နဲ့ ဝိုင်းမေး ဝိုင်းပြော နေကြသူများကို အပြုံးဖြင့်သာ တုံ့ပြန်ရင်း...
ဟက်..လူတွေများ သူများအပုပ်နံ့ဆို ကြိုက်တတ်လိုက်ကြတာ...

"ဒါနဲ့ ကြားဖူးတာကတော့ အဲဒီသော်တာရှင်းသန့်ဆိုတဲ့ ကောင်လေးက ကံဆိုးမှုတွေကို သယ်ဆောင်လာတဲ့ ကလေးဆိုပဲ...ဘာလို့ဆို သူမွေးတဲ့ နေ့မှာ သူ့အမဆုံးသွားတာတဲ့ဗျ..."

"အဟွတ် အဟွတ် အဟွတ်!"

ကြားလိုက်ရသော စကားတစ်ခွန်းကြောင့် သောက်လက်စ ဝိုင်တောင် သီးသွားရသည်အထိ။
*ဘာ....သူမွေးတဲ့ နေ့မှာ သူ့အမ?လရောင်ခ ဆုံးသွားတဲ့ နေ့က သူ...သူမွေးတဲ့နေ့လား*

ဇာတ္ရံ(ဇာတ်ရံ)Where stories live. Discover now