ဒေါက် ဒေါက် ဒေါက်
ပန်းသွေးခြယ် ကားမှန်ကို လက်ဖြင့် အသာခေါက်လိုက်တော့မှ ကားထဲ ထိုင်စောင့်နသော နေမင်းခ သတိပြုမိကာ...
"အော် ခြယ်...ပြန်လာပြီလား"ကားထဲမှ ဆင်းပြီး ချစ်ရပါသော ကိုယ်ဝန်သည်လေးအတွက် တံခါးဖွင့်ပေးကာ သူ့ဘေးရှိ lover seatကလေးသို့ ဂရုတစိုက် တက်စေသည်။
ကားပေါ်သို့ ရောက်သည်နှင့်...
"ခြယ်...နောက်တစ်ခါ သူငယ်ချင်းကို သွားတွေ့ရင် ကိုယ်ပါ လိုက်မယ်နော်။ခြယ်က ကြာက ကြာနဲ့...တစ်ယောက်တည်း စိတ်မချဘူး"
ဆေးရုံတက်နေတဲ့ သူငယ်ချင်းကို ခန သွားတွေ့မယ်ဆိုပြီး တစ်ယောက်တည်း ထွက်သွားသော ဇနီးသည်ကို စိတ်ပူသည်။
ကိုယ်ဝန်ရတာ လပိုင်းပဲရှိသေးတယ် ဆိုသော်ငြား ဟိုဟိုဒီဒီ တစ်ယောက်တည်း လွှတ်ရလောက်တဲ့အထိတော့ စိတ်မချနိုင်။
ကိုယ့်အနားမှာ ထား၍သာ အသေးစိတ်ကအစ ဂရုစိုက်ပေးချင်မိသည်။
ဒါကိုတောင် သူမကတော့ မကြားသည့်ပုံဖြင့်..."ခြယ်...ကိုယ်ပြောတာ ကြားရဲ့လားကွာ"
"ဟင်??အွန်း အွန်း ကြားပါတယ်"
စိတ်ရှည်၍ အော်ပြောလိုက်မိတာတောင် ကြောင်အမ်းအမ်းပုံစံဖြစ်နေပြန်ပြီ။
ပြောတာတွေကို ဂရုမစိုက်နိုင်လောက်အောင် ဘာတွေများ ဒီလောက်တွေးနိုင်ပါလိမ့်။
သူငယ်ချင်းဆီက ပြန်လာတည်းက ဆိုတော့ နောက်တစ်ခါ သူငယ်ချင်းဆီ သွားရင် သူပါ လိုက်သွားရမည်ဟုသာ တွေးလိုက်ရင်း...
"အဲဆိုလည်း ပြန်ကြရအောင်...အိမ်မှာ အဖေနဲ့အမေမျှော်နေတော့မယ်""အွန်း"
ပန်းသွေးခြယ် အခုလိုဖြစ်နေရခြင်းမှာ တခြားကြောင့်တော့ မဟုတ်...သော်တာရှင်းသန့်ဆိုသော ကလေးလေးကို သနားသောကြောင့်သာ။ထိုကလေးသည် ငယ်စဉ်တည်းက မိဘတို့၏ ချစ်ခြင်းမေတ္တာကို အပြည့်အဝမရရှိခဲ့သူ။တစ်အိမ်လုံး၏ အမုန်းတရားများကို သူ့အပေါ်ပုံချထားသလိုပင်... ကြင်နာမှုကို မျှော်တွေးပါသော်လည်း နာကျင်မှုသာ ရရှိခဲ့ရသည်။
ဤမျှသာမက ယုံကြည်မှုမပါသော သံယောစဉ်တို့တွင် ကိုယ့်ကျင်သိက္ခာကိုပါ နင်းချေခံခဲ့ရ...
အားကိုးရန် လိုအပ်နေချိန်မှာ အုပ်မိုးကာကွယ်ပေးရမယ့် မိဘနှစ်ပါး၏ နွေးထွေးမှုများအစား ရက်စက်သော စွန့်ပစ်ခြင်းသာခံခဲ့ရသည်။
သို့သော်လည်း မည်သူ့ကိုမျှ မနာကျည်းပါပဲ မိမိကိုယ်ကိုသာ အပြစ်တင်ရင်း တခြားသူများ သူ့ကြောင့် ထိခိုက်မည်ကိုပင် စိုးရိမ်နေသော ထိုကလေး...
ဤသို့ စိတ်ကောင်းရှိသော ကလေးတစ်ယောက်အတွက် ဘုရားသခင်က ချိုမြိန်သော ဆုလာဒ်များ ဖန်တီးပေးတော့ပါမည်လား။
သေချာသည်ကတော့ ထိုကလေးအတွက် မိဘများ၏ ချစ်ခင်မှုများ အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာသည်ကိုပင်။
ဤသည်က ပန်းသွေးခြယ် သော်တာလေးကို လာတွေ့ရသည့် အကြောင်းအရင်းတစ်ရပ်လည်း ဖြစ်သည်။
YOU ARE READING
ဇာတ္ရံ(ဇာတ်ရံ)
Romanceဇာတ်ရံ-ဟုတ်တယ် သူ့ဘဝဇာတ်လမ်းမှာ ဆူးငြောင့်မရှိအောင် ပံ့ပိုးပေးမယ့် ဇာတ်ရံ။ဗီလိန်တစ်ယောက်လို မနာကျင်စေမယ့် ဇာတ်ရံ။ဇာတ်လိုက်တစ်ယောက်လို အချစ်မခံရတဲ့ ဇာတ်ရံ။သူအလေးမထားတဲ့ ဇာတ်ရံ။အာရုံမရှိတဲ့ ဇာတ်ရံ။သူတန်ဖိုးမထားတဲ့ ဇာတ်ရံ။ဇာတ်ရံနေရာမှာ ကျေနပ်နေတဲ့ဇာတ်ရ...