"ဟုတ်ပြီ အဲတာဆို အကုန်အဆင်သင့်ပြင်ထားလိုက်တော့..."
ဖုန်းပြောစရာရှိတာ ပြောပြီး အခန်းတစ်ခုလုံးကို ပတ်ပတ်လည် ကြည့်လိုက်သည်။
သို့သော် ရှာနေသော ကောင်လေးကိုတော့ မတွေ့။
သူဖုန်းစပြောတည်းက ရေချိုးနေသော ကောင်လေး...အလုပ်ကိစ္စပြောနေရသည်မို့ ၁နာရီခွဲ လောက်ရှိပြီဖြစ်သော်လည်း ဒင်းလေးကတော့ ထွက်မလာသေးသည်လား...??
တစ်ခုခုဆို ဖျားလွယ်တာလည်း သူ့အပြင်မရှိသည်မို့ စိတ်ပူရပြန်သည်။
ထို့ကြောင့် ရေချိုးခန်းရှေ့အမြန်သွားကာ....
"သော်တာ...သော်တာ သတိရှိသေးရဲ့လား""ဗျာ ကိုကို"
ရေသံများကြားတွင် အလန့်တကြားပြန်ထူးလေသံ..."ထွက်ခဲ့တော့လေ ကြာနေပြီ မဟုတ်လား...ဖျားရင် ဒီတိုင်းပစ်ထားမှာ...ဘာဆေးမှ မကုပေးဘူး"
"ကိုကိုကလည်း...သော်တာ ခေါင်းလျှော်နေလို့ပါ"
"ခေါင်းလျှော်တာ အဲလောက်ကြာရလား...ငါ ၁ ကနေ ၁၀ ထိရေမယ်။အကယ်လို့ မင်းထွက်မလာရင် ငါသော့ဖွင့်ပြီး ဝင်လာမှာနော်။ငါ့လက်ထဲမှာ သော့ ကိုင်ထားပြီးသား။"
"သော့ဖွင့်ပြီး ဝင်လာမယ်??ဘာ..ဘာ..ဘာလုပ်မလို့လဲ"
"မင်း ဘာလုပ်စေချင်လဲ??ငါဘယ်လုပ်မယ်ထင်လဲ??ကိုယ့်ဘာသာ စဉ်းစားကြည့်ပေါ့...မင်းထင်သလိုပဲ"
စကားကို ညစ်တစ်တစ် ပြောလိုက်ရာ အထဲက ကောင်လေးကတော့ တော်တော်လေး ပျာသွားဟန်ရှိသည်။
တကယ့်ကောင်လေး...
ကိုယ် ဒီတိုင်းပဲ ပြောလိုက်တဲ့ စကား..ကိုယ့်ခေါင်းထဲမှာတောင် မတွေးရသေးတာ...
ဒင်းလေးကတော့ တစ်ခါတည်း တစ်ဆုံးတွေးချလိုက်ပြီ ထင်ပါရဲ့..."ကဲ စရေမယ်နော်...'၁' "
"အာ စပ်လိုက်တာ...ဆပ်ပြာတွေ မျက်လုံးထဲ ဝင်ကုန်ပြီ"
"ဟင် အခုမှ ဆပ်ပြာတိုက်တုန်းလား မင်းက??"
"ပြီးပါတော့မယ် ကိုကိုရယ်"
ပလုံးပထွေးနှင့် ကိုယ်မေးသမျှလည်း တလုံးမကျန် ပြန်ဖြေပေးသော ကောင်လေး။
"ရေနှင့် သေချာဆေးဦး..ဆပ်ပြာ ဝင်သွားတယ်ဆို..အရမ်းလည်း ပွတ်မနေနဲ့..မျက်လုံး စပ်နေမယ်""ဟု ကိုကို"
"ကဲ ဆက်ရေမယ်...မြန်မြန်လုပ် ဒီတိုင်းလွတ်ထားလို့ ဖြစ်တာမဟုတ်ဘူး...
'၂'
YOU ARE READING
ဇာတ္ရံ(ဇာတ်ရံ)
Romanceဇာတ်ရံ-ဟုတ်တယ် သူ့ဘဝဇာတ်လမ်းမှာ ဆူးငြောင့်မရှိအောင် ပံ့ပိုးပေးမယ့် ဇာတ်ရံ။ဗီလိန်တစ်ယောက်လို မနာကျင်စေမယ့် ဇာတ်ရံ။ဇာတ်လိုက်တစ်ယောက်လို အချစ်မခံရတဲ့ ဇာတ်ရံ။သူအလေးမထားတဲ့ ဇာတ်ရံ။အာရုံမရှိတဲ့ ဇာတ်ရံ။သူတန်ဖိုးမထားတဲ့ ဇာတ်ရံ။ဇာတ်ရံနေရာမှာ ကျေနပ်နေတဲ့ဇာတ်ရ...