Part17{Z&U}

1.5K 163 30
                                    

ကျေးငှက်သာရကာလေးများ၏ တွန်ကျူးသံလေးများဖြင့် သာယာစိုပြည်နေသော တနင်္ဂနွေနေ့ မနက်အစောပိုင်းလေး။
ဝါသနာပါရာ အလုပ်ကို ကျေနပ်စွာ လုပ်ကိုင်ခွင့်ရနေသော ကောင်လေးတစ်ယောက်၏ ပျော်ရွှင်မှုများသည်လည်း အသက်ဝင်စွာ...

အချိန်အားဖြင့် မနက်၆နာရီခွဲ...
၇နာရီဝန်းကျင်လောက် မနက်စာစားလေ့ရှိသော အိမ်သားများအတွက် သော်တာ ကိုယ်တိုင်ချက်ပြုတ်ထားတဲ့ မုန့်ဟင်းခါး ပူပူလေးကို လေးထောင့် စားပွဲပေါ် တည်ခင်းလိုက်သည်။
ပြီးမှ လူပမာစာအတွက် ကြက်သားကို နူးညက်နေအောင် ပြုတ်ထားလိုက်သည်။

မနက်ခင်းတိုင်း မီးဖိုချောင်ကို အခုလို သုံးပိုင်ခွင့် ရှိခဲ့သည်တော့ မဟုတ်။
သော်တာ့လက်ရာကို မမသွန်း သုံးဆောင်ခဲ့ဖူးပြီး နောက်ပိုင်း သော်တာ ချက်သမျှသာ စားချင်နေသော မမသွန်းကြောင့် ကိုကိုလည်း ဘယ်လိုမှ မတတ်နိုင်ပဲ သော်တာ့ကို တစ်ရက်ခြားတစ်ခါ စားဖိုဆောင်ကို စိတ်ကြိုက် သုံးခွင့်ပေးထားခြင်းပင်။

အခုလည်း ထမင်းစားခန်းအတွင်း ပထမဆုံး ဝင်လာမည့် သူမှာ သွန်းပြည့်လျှံဝေပင် ဖြစ်ကြောင်း တပ်အပ်ပြောနိုင်ပေသည်။

"ဝိုးးးဒီနေ့ မုန့်ဟင်းခါးလားး"
သော်တာ တွေးလို့ပင် မဆုံးသေး... သူမကတော့ ဟင်းရည်ပန်းကန်နား နှာခေါင်းကပ်ကာ နတ်သုဒ္ဓါကဲ့သို့ မွှေးကြိုင်မှုများကို ခံစားလို့ နေပြီ ဖြစ်သည်။

"ကြာလိုက်ကြတာ...ဘာလို့ မဆင်းလာသေးတာလဲ။ဒီမှာက စားချင်နေပြီ"
နှာခေါင်း ရှုံ့မဲ့၍ ပါးစပ်မှလည်း ပွစိ ပွစိပြောလျက် လက်ထဲမှ ဇွန်းကို တင်းတင်းကိုင်ထားကာ အကြည့်များသည်လည်း မုန့်ဟင်းခါးပန်းကန်က မခွာ။
ဗိုက်အတော်ဆာနေပုံရသည်။

"မမသွန်း...ဗိုက်ဆာနေပြီလား"

"ဒါပေါ့ 'အတာ'ရဲ့။ဗိုက္က 'ဂြီ'ေနၿပီ။ကြာတဲ့ သူတွေကို မစောင့်ပဲနဲ့တောင် ချက်ချင်း စားလိုက်ချင်တာ။"

မမသွန်း၏ အပြုအမူများကို ကြည့်ရင်း သော်တာပြုံးမိသည်။
သွန်းပြည့်လျှံဝေသည် သော်တာ့ထက် ၈နှစ်ကြီးလင့်ကစား အစားအသောက်နှင့် ပက်သက်လာရင် သော်တာ့ထက်ပင် ကလေးဆန်လွန်းလှသည်မို့...

ဇာတ္ရံ(ဇာတ်ရံ)Where stories live. Discover now