Part4(2)

1.9K 191 15
                                    

ဒေါက်... ဒေါက်... ဒေါက်

"ဘယ်သူလဲ"

"သော်တာပါ..."

"ဝင်ခဲ့.."

သော်တာရှင်းသန့် မိမိအား မည်သို့ပင် အရေးမပါ အရာမရောက်သော သူအဖြစ် ကြီးပြင်းခဲ့စေကာမူ ကျွေးမွေးစောင့်ရှောက်ခဲ့သော မိရင်း ဖရင်းများဖြစ်သည့်အတွက် လာရောက်ကန်တော့ခြင်းဖြစ်ပေသည်။

အခန်းတွင်း ရောက်ရောက်ချင်း ကုတင်ဘေးရှိ ဆိုဖာပေါ်တွင် မှီထိုင်နေသော မိဘများခြေရင်းသို့ လက်အုပ်ချီကာ ဦးခိုက်လိုက်သည်။
"သားကို ကျွေးမွေးစောင့်ရှောက်ပေးခဲ့အတွက် ဖေဖေနဲ့မေမေကို သားကန်တော့ပါတယ်"

"....."

"သော်တာ နောက်ဆုံးအနေနဲ့ လာနှုတ်ဆက်တာပါ..."
တကယ် နောက်ဆုံးပါ ဖေဖေနှင့် မေမေ...
မေမေတို့ မုန်းတဲ့ သော်တာ့မျက်နှာကို မြင်ရမှာ ဒါနောက်ဆုံးပါ....
မေမေတို့ မုန်းတဲ့ သော်တာ့အသံကို ကြားရမှာ ဒါနောက်ဆုံးပါ...
မေမေတို့ မုန်းတဲ့ သော်တာရဲ့အရာအားလုံးက ဒါနောက်ဆုံးပါ...

"ပြီးတော့ သော်တာ မေးချင်တာလေးရှိလို့ပါ..."

"......"

"မေမေတို့ သော်တာ့ကို အရမ်းမုန်းတာပဲလားဟင်...
သော်တာ့ကို သားတစ်ယောက်လို တစ်ခါလောက်ပဲ ဖြစ်ဖြစ် ချစ်ခဲ့ဖူးလားဟင်...
သော်တာလေ...တစ်ခေါက်လောက်တော့ မေမေတို့ဆီက ကြင်နာမှုလေးကို ရကောင်းရနိုင်ပါရဲ့ဆိုပြီး တောင့်တခဲ့မိတာ....
သော်တာ့အပေါ် ယုံကြည်မှုလေးရော မရှိဘူးလားဟင်..."

"သော်တာ!!!မင်းသွားလိုက်တော့!"

"ဟင့်အင်း...သော်တာ ပြီးအောင်ဆက်ပြောပါရစေ ဖေဖေ"

သော်တာရှင်းသန့် ပြောရင်းနဲ့ ကျလာသော မျက်ရည်များကို လက်ဖမိုးဖြင့် ခပ်ကြမ်းကြမ်း သုတ်လိုက်သည်။သို့သော်လည်း အရာမဝင် ဆက်လက်ကျဆင်းနေဆဲ မျက်ရည်များ...

"သော်တာ့ကို မမြင်ချင်လောက်အောင် မုန်းတာ မမလရောင်ဆုံးသွားတဲ့နေ့မှာ သော်တာမွေးခဲ့လို့လားဟင်...
ဒါဆို တခြားနေ့မှာ မွေးခဲ့ရင်ရော သော်တာ့ကိုသားတစ်ယောက်လို ချစ်နိုင်မှာလားဟင်...
ဒါနဲ့ မမလရောင်ဆုံးတာ သော်တာနဲ့ ဘာပက်သက်လို့လဲဟင်...သော်တာက"

ဇာတ္ရံ(ဇာတ်ရံ)Where stories live. Discover now