🍷1🍷{ Unicode}

2.2K 60 5
                                    

ဖြန်း!!

ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့ အသံ။ တန်ဖိုးကြီး ကတ္ထီပါ ကောဇော တွေ ခင်းထားတဲ့ ဧည့်ခန်း ၏ အလယ် မှာ ပါးပြင်တစ်ဖက်ကို ကိုင်ပြီး သူ၏ဖခင် ကို နာကျည်းစွာ ကြည့်နေတဲ့ ကောင်မလေး တစ်ယောက်။ သူ၏ ဖခင် ဖြစ်သူ ဦးလင်းရိပ်မာန် ဆိုတဲ့ လူကြီးရဲ့ မျက်နှာမှာလည်း ဒေါသကြောင့် မျက်နှာကြီး နီရဲလို့။

ကြက်သွေးရောင် ဆိုဖာ ထက်ဝယ် ခြေချိတ်ပြီး သားအဖနှစ်ယောက်ရဲ့ ရန်ပွဲ ကို ပြုံးပြုံးကြီး ထိုင်ကြည့်နေတဲ့ အမျိုးသမီးကြီးနဲ့ သူနဲ့ မဆိုင်သလို Laptop ကိုသာ အကြည့်မပြတ်တဲ့ လူတစ်ယောက် လည်း ရှိနေသည်။

ဦးလင်းရိပ်မာန် - မုန်းရိပ်ဆူး နင် ဘယ်အချိန်ထိ ငါ့ မျက်နှာ ကို အိုးမဲ သုတ်နေမှာလဲ။ မိန်းကလေး မတန်မဲ့ Club မှာ ရန်ဖြစ်ပြီး ရဲစခန်း ရောက်ရတယ်လို့။ နင် ဘာဖြစ်ချင်နေတာလဲ ဟမ်။

မုန်း -  မုန်း အိမ်ပြန်ချင်တယ်။

ဦးလင်းရိပ်မာန် - ဘယ်အိမ်ကို ပြန်ချင်တာလဲ။ ဒါ နင့်အိမ် မဟုတ်လို့လား။

မုန်း - ဒါ မုန်းအိမ် မဟုတ်ဘူး။ မုန်းကို နွေးနွေးထွေးထွေး ကြိုဆိုတဲ့ မားမား အိမ်ကို ပြန်ချင်တာ။

ထိုအခါ သူနဲ့ မဆိုင်သလို နေနေတဲ့ အရိပ်မဲ့က

ရိပ် - မင်း အမေ က လက်ခံမယ် ထင်နေလား။ အခုချိန်ဆို သူ့နောက်လင် နဲ့ ရတဲ့ သားသမီးတွေနဲ့ ပျော်နေလောက်ပြီ။

မုန်း - ဘာ!! မားမား က ဘာလို့ နောက် အိမ်ထောင်ပြုရမှာလဲ။

ဒေါ်သုလဲ့ရည်ကျော် - မင်း မယုံရင် မင်းအမေ ရှိတဲ့ China ကို လိုက်သွားလေ။ ဟိုက လက်ခံရင် အဲ့မှာဘဲ နေလိုက်။ သီရီမဟာ စံအိမ်တော်ကြီးမှာတော့ မျိုးမစစ်မရဲ့ သမီးကိုတော့ မထားနိုင်ဘူး။

မုန်း - ဒေါ်သုလဲ့ရည်ကျော်!! ရှင့် ပါးစပ်ကို ပိတ်ထား။

မုန်းရိပ်ဆူး ၊ ဒေါ်သုလဲ့ရည်ကျော် ကို ပြောပြီး အပေါ်ထပ်ကို တတ်လာလိုက်သည်။ မိမိ အခန်းထဲ ရောက်တော့ ခရီးဆောင် အိတ်ထဲ အ၀တ်အစားတွေ ထည့်။ Passport  ၊ Visa၊ လေယာဉ်လက်မှတ် ကို ပိုက်ဆံအိတ်ထဲ ထည့်ပြီး အောက်ထပ်ပြန်ဆင်းလာခဲ့သည်။

ငါဆိုတာ.....{Zawgyi & Uni} [ COMPLETED ]Where stories live. Discover now