(Part - 1)

15.1K 538 3
                                    

(U&Z)

လွန်​ခဲ့​သော နှစ်​ပေါင်းသုံးရာ​ကျော်​ခန့်​က အ​ရှေ့တိုင်းနိုင်​ငံ​တွေထဲမှတစ်​ခုဖြစ်​သော တြိဂါဆိုတဲ့နိုင်​ငံငယ်​လေးမှာ ဖြစ်​သည်​။

နိုင်​ငံငယ်​ပေမယ့်​ကိုယ့်​ထီးကိုယ့်​နန်းနဲ့ အုပ်​ချုပ်​နေ​သော နိုင်​ငံ​လေးဖြစ်​သည်​။
ထီးနန်းရှိသည်​မို့ ရှင်​ဘုရင်​လဲရှိ၏။
ထို့အတူ​တော်​ဝင်​မျိုးနွယ်​ဆိုတာလဲရှိသည်​။
ထိုနိုင်​ငံငယ်​လေးမှာ နိုင်​ငံကို အုပ်​စိုးပိုင်​ဆိုင်​နိုင်​ဖို့ အာဏာလုချင်​သူများလဲရှိပါသည်​။

တစ်​ညမှာ​တော့ ထိုအာဏာရူးသွပ်​သူလူတစ်​စုသည်​တြိဂါနိုင်​ငံ၏ ရှင်​ဘုရင်​ကို လုပ်​ကြံသတ်​ဖြတ်​လေသည်​။
လုပ်​ကြံသတ်​ဖြတ်​သူသည်​ကား အခြားမဟုတ်​ဘုရင်​ကြီး၏ ညီ​တော်​ပင်​ဖြစ်​လေသည်​။ ဘုရင်​ကြီး၏ ညီ​တော်​သည်​အလွန်​တရာရက်​စက်​ကြမ်းကြုတ်​သူဖြစ်​ကာ​မောက်​မာရိုင်းစိုင်းသူလဲဖြစ်​၏။

ဘုရင်​ကြီးနတ်​ရွာစံချိန်​တွင်​နန်းတွင်းရှိ ဘုရင်​ကြီး၏မိဖုရားများနဲ့ သား​တော်​သမီး​တော်​များကိုလဲ သတ်​ဖြတ်​လုပ်​ကြံကြ​လေ​တော့သည်​။
တစ်​ချို့မှာ နန်းတွင်း၌ပင်​အသတ်​ခဲ့ကြရပြီး တစ်​ချို့မိဖုရားများ သား​တော်​သမီး​တော်​များသည်​နန်း​တော်​အပြင်​သို့ ထွက်​ပြေးလွတ်​မြောက်​သွားကြ​လေသည်​။

နန်း​တော်​အပြင်​သို့ ထွက်​ပြေး​သွားသူများအား ဘုရင်​ကြီး၏ညီ​တော်​သည်​အသက်​ရှင်​လျက်​လွတ်​မြောက်​ခွင့်​ကိုကား မ​ပေးခဲ့​ပေ။
သူ၏စစ်​တပ်​အချို့နဲ့ အ​နောက်​မှလိုက်​၍ ကျူ ပင်​ခုတ်​ကျူ ငုတ်​မကျန်​အောင်​လိုက်​လံသတ်​ဖြတ်​ပါ​လေ​တော့၏။

ထိုသို့ထွက်​ပြေးသွားသူများထဲတွင်​ဘုရင်​ကြီး၏​ချစ်​လှစွာ​သော အချစ်​ဆုံးတတိယ​မြောက်​မိဖုရားတစ်​ပါးနှင့်​သူမ၏သမီး​တော်​လေးသည်​လဲ ပါဝင်​၏။

မိဖုရားနဲ့သမီး​တော်​လေးသည်​အထိန်း​တော်​ကြီးပူဝါနဲ့ ညမိုးချုပ်​ကြီးမှာ​ကောင်းကင်က​လ​၏အလင်း​ရောင်​လေးနဲ့ပင်​သစ်​တောကြီးတစ်ခု​ထဲမှာ​ပြေးလွှား​နေရ​လေသည်​
။​တောရိုင်းတိရစ္ဆာန်​သားရဲ​ကောင်​တွေရဲ့ရန်​ကို မ​ကြောက်​အား​ပေ။
သူတို့အ​နောက်​က​နေ လိုက်​လံသတ်​ဖြတ်​နေ​သော ဓား​တွေလှံ​တွေမြှား​တွေနဲ့ လိုက်​လာ​နေ​သောလူတစ်​စုရန်​မှ လွတ်​အောင်​သာ အသက်​အန္တရာယ်​အတွက်​ထွက်​ပြေး​နေတာပဲဖြစ်​၏။

အိမ်ရှေ့မင်းသားရဲ့ လမ်းပြကြယ်လေး(Normal)Where stories live. Discover now