(U&Z)
ထျန်လျန်က စာအုပ်တစ်အုပ်ကို ထိုင်ဖတ်နေပေမယ့်မျက်ဝန်းအကြည့်တို့က စာအုပ်မှာမဟုတ်ပေ။
သူ့လက်တွေက စာရွက်ေတွကိုသာ တစ်ရွက်ပြီး တစ်ရွက်လှန်နေပေမယ့်မျက်လုံးတွေကတော့ သူရဲ့ဘေးကထိုင်ခုံမှာ ထိုင်နေသည့်ကြယ်လေးကိုသာကြည့်နေမိလေသည်။
ကြည့်နေသည့်ပုံကလဲ စာကြည့်စားပွဲပေါ်မှာ လက်တစ်ဖက်ထောက်ထားပြီး ထိုလက်ပေါ်မှာမေးတင်၍ ကြယ်လေးကိုစောင်းငဲ့ပြီးထိုင်ကြည့်နေတာမျိုး ...။ကြယ်လေးကတော့ သူ့လိုပင်စာအုပ်ထိုင်ဖတ်နေတာဖြစ်သည်။ ဒါကလဲ ထျန်လျန်ကအတင်းထိုင်ဖတ်ခိုင်း၍ပင်ဖြစ်၏။
သို့သော်ကြယ်ေလးက စာဖတ်ရင်စိတ်နှစ်ထားတတ်ပုံရသည်။ စာအုပ်ထဲမှာသာ အာရုံရောက်နေပြီး ထျန်လျန်ကို တစ်ချက်မှပင်လှည့်မကြည့်ပါချေ ။ကြယ်လေးမျက်နှာလေးကို တစ်စိမ့်စိမ့်ထိုင်ငေးကြည့်ရင်းနဲ့ စိတ်ထဲမှလဲတွေးနေမိတာက ...
"မိန်းခလေးနဲ့ အရမ်းတူလွန်းတယ်ကြယ်လေးကမိန်းခလေးဆိုတာသေချာတယ်အသေအချာပဲ ငါစိတ်ထင်နေတာ မဟုတ်ဘူး ... " ဟု။
သူမကိုယ်တိုင်မိန်းခလေးဆိုတာကို ဝန်ခံလာအောင်သူလုပ်ရမည်ဟုတွေးမိသည်။
ထျန်လျန်တစ်ေယာက်တွေးနေငေးနေရုံနဲ့ မပြီးပဲ လက်ကလဲရောက်သွားသေး၏။
ကြယ်လေးခေါင်းပေါ်ကဆံပင်တွေကို ခပ်မြင့်မြင့်စုစည်းထားသည့်ဖဲကြိုးစအား ဆွဲဖြည်ချပစ်လိုက်တာမို့ သူမဆံပင်တွေလျောခနဲပြေကျလာခဲ့ကာ မျက်နှာပေါ်နဲ့ပုခုံးပေါ်သို့အုပ်မိုးသွားရသည်။ထျန်လျန်လုပ်ရပ်ကြောင့်ကြယ်လေးလဲ ရုတ်တရက်မို့ လန့်သွားပြီးနောက်ထျန်လျန်ကို မျက်လုံးအဝိုင်းသားလေးနဲ့ ပြန်ကြည့်နေရှာ၏။
"မင်းသား ... ဘာလို့လုပ်ရတာလဲ ဒီလို ... "
"မင်းရဲ့ ဆံပင်တွေကိုဖြေချထားရင်ပိုချောတယ်ထင်လို့ ... "
YOU ARE READING
အိမ်ရှေ့မင်းသားရဲ့ လမ်းပြကြယ်လေး(Normal)