(Part - 19)

1.9K 143 1
                                    

(U&Z)

"အထဲမှာ ဘယ်​သူ​တွေ​ရောက်​နေကြတာလဲ ... "

မင်းကြီးထျန်​လျန်​က မိဖုရားရှင်​ဆူး၏ နန်း​ဆောင်​မှအ​စေခံ​တွေကို​မေးလိုက်​သည်​။

"ဟို ဟို ... မင်းသားစန်းယူရဲ့မိဖုရားနဲ့ အရှင်​မ​င်းကြီးရဲ့ကိုယ်​ရံ​တော်​တို့​ရောက်​နေကြတာပါဘုရား ... "

(မင်းသားစန်းယူရဲ့မိဖုရားသည်​သခင်​မ​လေးအိုလင်းဖြစ်​သည်​။
ကြယ်​လေး​ပျောက်​သွားပြီး​နောက်​တစ်​နှစ်​ကျော်​တွင်​သူတို့နှစ်​ယောက်​လက်​ထပ်​ဖြစ်​ခဲ့​ကြ၏။)

မိဖုရားရှင်​ဆူးကို ကြယ်​လေးဟု သံသယ​တွေရှိ​နေထဲက ရိုဒန်​ကိုပါ တစ်​ချိန်​လုံးသူ​စောင့်​ကြည့်​အကဲခတ်​နေတာပဲဖြစ်​သည်​။
တခြားလူ​တွေကို လိမ်​ညာ​နေသည်​ပဲထားဦး သူတို့သူငယ်​ချင်း​တွေ အချင်းချင်းက​တော့ တစ်​ချိန်​ချိန်​မှာ အချိတ်​အဆက်​လုပ်​လာနိုင်​သည်​မဟုတ်​ပါလား ...။
သူအနားယူအိပ်​ပျော်​နေသည်​အထင်​နှင့်​ရိုဒန်​က ဤ​နေရာကို​ရောက်​လာပုံရသည်​။
ရိုဒန်​ပျောက်​သွားတာနဲ့ သူလဲဒီနန်း​ဆောင်​ကို လိုက်​လာခဲ့မိ၏။
သူထင်​သည့်​အတိုင်းပင်​ရိုဒန်​က ဒီ​နေရာကို​ရောက်​နေခဲ့ပါပြီ။

ထျန်​လျန်​ရောက်​လာ​တော့ နန်းတွင်းအ​စေခံ​တွေအားလုံးက နန်း​ဆောင်​အပြင်​ဘက်​ထွက်​နေကြတာမို့ ...

"အထဲကို ဘယ်​သူမှ​ပေးမဝင်​ဘူးလား ... "

"မှန်​ပါ့ဘုရား ... မိဖုရားရှင်​ဆူးက ဘယ်​သူမှ အတွင်းနန်း​ဆောင်​ကို မဝင်​လာကြဖို့မှာထားတာပါဘုရား ... "

ထျန်​လျန်​က ဘယ်​သူ့ကိုမှ ဘာမှထပ်​မ​မေး​တော့ပဲ သူတစ်ေ​ယာက်ထဲ​ပင်​အတွင်းနန်း​ဆောင်​ကို ဝင်​လာခဲ့​လေ၏။
မိဖုရားရှင်​ဆူး၏ အခန်း​ဆောင်​တံခါး​ရှေ့တွင်​ခြေစုံရပ်​ရင်း တံခါးကို မဖွင့်​ဖြစ်​သေးပဲ ခဏရပ်​နေမိရင်း အခန်းတွင်းကစကားသံတစ်​ချို့ကို နား​ထောင်​ကြည့်​မိသည်​။

"တြိဂါက ဆက်​သလိုက်​တဲ့မိဖုရားက ကြယ်​လေးနဲ့ အရမ်းတူတယ်​ဆိုပြီး ငါတို့သတင်းကြားတယ်​...
​နင့်​ကို​တွေ့​တော့လဲ ကြယ်​လေးနဲ့တူလိုက်​တာလို့ပဲ ထင်​မိကြတယ်​...
အခု ငါတို့နှစ်​ယောက်​ကို စာလွှာနဲ့ တိတ်​တဆိတ်​အ​ခေါ်​တော်​လွှတ်​မှသာ နင်​ကကြယ်​လေးအစစ်​မှန်း သိ​ရတာ ... "

အိမ်ရှေ့မင်းသားရဲ့ လမ်းပြကြယ်လေး(Normal)Where stories live. Discover now