(Part - 2)

3.9K 236 2
                                    

(U&Z)

​ဦးမာလိနဲ့ သူ့တူမဖြစ်​သူ ပူဝါ​မြေးဖြစ်​သူကြယ်​လေးတို့သည်​နမ်​ရွာ(မြို့​လောက်​မကြီး​သော်​လည်း ရွာငယ်​လောက်​လဲမ​သေး​သော ဖွံ့ဖြိုးစည်​ကား​သော ရွာကြီးတစ်​ရွာ)၏ ဈေးထဲတွင်​ဆေးမြစ်​ဆေးဝါး​ရောင်းသည့်​ဆိုင်​လေးဖွင့်​ကာ​အေး​အေးချမ်းချမ်း​နေထိုင်​ကြ​လေသည်​။

ဦးမာလိက သူ့ရဲ့သခင်​ဟောင်း လက်​ဝဲအမတ်​ကြီး​နေထိုင်​သည့်​မူဂန်​နိုင်​ငံ၏မြို့​တော်​ဗီယာမြို့(နန်း​တော်​တည်​ရှိရာမြို့​တော်​)သို့ အမတ်​ကြီး၏အမှာ​တော်​ပါးမှု​ကြောင့်​သွား​ရောက်​တွေ့ပြီးပြန်​လာခဲ့​လေ၏။
သူပြန်​ရောက်​တော့ အိမ်​မှာကြယ်​လေးမရှိ​ပေ။ ပူဝါတစ်​ယောက်​ထဲ​ဆေးမြစ်​တွေကို​နေလှမ်း​တဲ့အလုပ်​လုပ်​ရင်း အိမ်​မှာရှိ​နေသည်​။

"ပူဝါ နင့်​သမီး ကြယ်​လေး​ရော ..... "

"မြို့ထဲမှာ ကဗျာဆရာတစ်​ယောက်​ပြောင်းလာပြီး​နေထိုင်​တယ်​လို့ သူသတင်းကြားလို့ အဲ့ဒီ့အိမ်​မှာ အလုပ်​လေး ခိုင်းလိုခိုင်းညား သွားကြည့်​လိုက်​ဦးမယ်​ဆိုပြီး​တော့ မနက်​ထဲက ထွက်​သွားတာပဲ ..... "

"ဘာလဲ ကဗျာဆရာအိမ်​မှာ အလုပ်​လေးဘာ​လေးလိုက်​လုပ်​ပြီး ကဗျာပညာကိုပါသင်​ဦးမလို့လား .... "

သူ့​မြေး ကြယ်​လေးအ​ကြောင်း ဦးမာလိကလဲသိသည်​။ ကြယ်​လေးက သူမပညာရပ်​တစ်​ခုခုကိုသင်​ဖို့အတွက်​သူများအိမ်​မှာအလုပ်​လုပ်​ပေးသည်​ထိုလုပ်​ခအတွက်​ငွေ​ကြေးမယူပဲ ပညာရပ်​ကိုသာအခ​ကြေး​ငွေအဖြစ်​သင်​ယူတတ်​သည်​။
သူမသင်​ယူသည့်​အရာ​တွေသည်​နယ်​ပယ်​စုံပညာစုံပါ၏။

တခြားမိန်းခ​လေး​တွေ နုနုရွရွ​လေး​နေကာ အိမ်​တွင်းမှုနဲ့အချိန်​ကုန်​ပြီး အလှအပ​တွေစိတ်​ဝင်​စား​နေချိန်​၌ ကြယ်​လေးတို့က​ယောကျာင်္း​လေး​တွေတတ်​သည့်​ပညာရပ်​တွေကိုပါ သင်​ယူ​နေခဲ့တာဖြစ်​သည်​။ အဖိုးဖြစ်သူ ကိုယ်ရံေ​တာ်​ဟောင်း သိုင်းပညာရှင်​ဦးမာလိ၏မြေးမို့ ကြယ်​လေးရဲ့အထူးကျွမ်းကျင်​မှုသည်​ကိုယ်​ခံပညာရပ်​ပင်​ဖြစ်​၏။
ထို့ပြင်​မြင်းစီး မြှားပစ်​ဓား​ရေးလဲ ကျွမ်းကျင်​သည်​။

အိမ်ရှေ့မင်းသားရဲ့ လမ်းပြကြယ်လေး(Normal)Dove le storie prendono vita. Scoprilo ora