(Part - 4)

2.8K 195 1
                                    

(U&Z)

လက်​ဝဲအမတ်​ကြီးနဲ့ ဦးမာလိတို့်​က ကြယ်​လေး​ပြောတာ​တွေကို နား​ထောင်​ရင်းနဲ့ သက်​ပြင်းရှည်​တွေချမိကြ၏။
သူတို့​ဘေးမှာရှိ​နေသည့်​သခင်​မကြီးရမ်​ဖာကလဲထို့အတူပါပဲ ....။

"ကြယ်​လေး​မှားသွားတာပါ .....
အိ်​မ်​ရှေ့စံရဲ့ကိုယ်​ရံ​တော်​ကို အနိုင်​မယူလိုက်​သင့်​ဘူး ..... "

ကြယ်​လေးက ယှဉ်​ပြိုင်​လာသမျှကို ကိုယ်​ကျွမ်းကျင်​သမျှနဲ့ ရင်​ဆိုင်​တတ်​သူမို့ ပြီးခဲ့တဲ့ပြိုင်​ပွဲမှာလဲ ကိုယ်​တတ်​မြောက်​ထားသည့်​ကိုယ်​ခံပညာနဲ့ အ​ကောင်းဆုံးကြိုစားခဲ့မိသည်​။
​နောက်​ဆုံးကျ​တော့ သူမအနိုင်​ရခဲ့၏။
ထိုသို့ အနိုင်​ရလိုက်​ခြင်း​ကြောင့်​သူမအခု အကျပ်​အတည်းထဲကို​ရောက်​နေခဲ့ရပါပြီ။
အ​ကြောင်းက​တော့ .....

"အိမ်​ရှေ့စံက အဲ့လိုမျိုးလုပ်​တတ်​လေ့ရှိတာကို ကြယ်​လေး သတင်းမကြားမိခဲ့ဘူး ....
အဲ့လိုမျိုး အစထဲကသတင်းကြားမိရင်​သူ့ကိုယ်​ရံ​တော်​ကို အနိုင်​ယူမိမှာမဟုတ်​ဘူး ....
အရှုံး​ပေးလိုက်​မှာပဲ ဒါ​ပေမယ့်​အခုက ..... "

"ဖြစ်​ပြီးမှ​တော့ ဘာတတ်​နိုင်​တော့မှာလဲ .....
အိမ်​ရှေ့စံရဲ့အမိန့်​ကို လွန်​ဆန်​လို့မှမရနိုင်​တာ .....
ဘယ်​လိုဖြစ်​ဖြစ်​သူ့ရဲ့ကိုယ်​ရံ​တော်​လုပ်​ပေးရ​တော့မှာပဲ​..... "

လက်​ဝဲအမတ်​ကြီးက​ရှောင်​လွှဲမရနိုင်​တာကို စဉ်းစားပြီး​ပြော၏။

"ဒါ​ပေမယ့်​အမတ်​ကြီး ကြယ်​လေးက မိန်းခ​လေးတစ်​ယောက်​လေ အိမ်​ရှေ့စံရဲ့ကိုယ်​ရံ​တော်​လုပ်​ဖို့က မဖြစ်​နိုင်​ဘူးထင်​တယ်​..... "

"အဲ့ဒါက အဓိကပြသနာပဲ ....
ကြယ်​လေးကို​ယောကျာင်္း​လေးပုံစံအ​ယောင်​ဆောင်​ခိုင်းပြီး ကျွန်​မတို့သမီးအိုလင်းနဲ့ ထည့်​ပေးလိုက်​တာ .....
ဒီကိစ္စကိုသာ နန်းတွင်းကသိသွားရင်​အ​ယောင်​ဆောင်​တဲ့ကိစ္စနဲ့ ပြသနာ​တွေရှုပ်​လာကုန်​မှာ .... "

"အဲ့ဒီ့​တော့ ငါတို့က ကြယ်​လေးကို​ယောကျာင်္း​လေးအဖြစ်​နဲ့ပဲ အိမ်​ရှေ့စံရဲ့ကိုယ်​ရံ​တော်​လုပ်​ခိုင်းရမယ်​ပေါ့ ဒီလိုလား .... "

အိမ်ရှေ့မင်းသားရဲ့ လမ်းပြကြယ်လေး(Normal)Where stories live. Discover now