(U&Z)
အိမ်ရှေ့စံမင်းသားထျန်လျန်ကအမဲလိုက်ထွက်ပြီးနောက်နေ့မှစ၍ ကြယ်လေးကို အိမ်ပြန်ခွင့်သုံးရက်ပေးလိုက်လေသည်။
ဘာအတွက်ကြောင့်ဆိုတာ မသိရပေမယ့်အိမ်ရှေ့စံကို သူမပြန်ေပြာမိသည့့်ကိစ္စအတွက်စိတ်ဆိုးနေတာကြောင့်ပဲ ဖြစ်နိုင်ပါသည်။သူမကို မမြင်ချင်၍ ခွင့်ရက်ပေးလိုက်တာပဲဖြစ်ပါမည်။ တကယ်ဆို ခွင့်ရက်ပေးရမှာမဟုတ်တစ်ခါထဲကိုယ်ရံတော်အဖြစ်ကနေ နှုတ်ထွက်ခွင့်ပေးရမှာပါ။
သူမအဲ့လိုဖြစ်အောင်တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာမဟုတ်ပေမယ့်လဲ ဒီလိုမျိုးအိမ်ရှေ့စံစိတ်ဆိုးလက်စနဲ့ သူမကိုနှုတ်ထွက်ခွင့်ပါပေးလိုက်ရင်တော့ အကောင်းသားဟုတွေးမိလေသည်။
သို့သော်ကံကြမ္မာက သူမကို မျက်နှာသာမပေးခဲ့ပေ။အိမ်ပြန်ခွင့်သုံးရက်ရသည်မို့ နမ်ရွာသို့ သူမပြန်လာခဲ့လေသည်။ အိမ်ရောက်တော့ သူမမွေးစားအမေပူဝါက သူမကိုမြင်တာနဲ့ ဖက်ပြီးငိုပါလေတော့၏။
"အမလေး ငါ့သမီးလေးကို အမေလွမ်းနေရတာ ....
အခုမှပဲတွေ့ရတော့တယ်.... ""အမေရယ်ဘာလို့ငိုနေတာလဲ .....
တိတ်တော့နော်....
သမီးလဲ အမေနဲ့ အဖိုးကိုလွမ်းတာပဲ ဒါပေမယ့်မငိုဘူး လွမ်းလို့ငိုနေရုံနဲ့ အလွမ်းတွေကပျောက်သွားမှာမှ မဟုတ်တာ မျက်ရည်တွေကျလာတာပဲ အဖတ်တင်နေမယ်... "ကြယ်လေးတို့က စိတ်ဓာတ်မာ၏။ ကိုယ်ချစ်တဲ့သူေတွကို အရမ်းလွမ်းနေလဲ ငိုဖို့မလိုဘူးဟု ထင်တတ်သူ။
(အဲ့ဒီ့အချိန်တုန်းကပါ။နောက်အနာဂတ်မှာတော့ အလွမ်းဆိုတဲ့အရာကဘယ်လောက်နာကျင်ရပြီး မျက်ရည်တွေနဲ့ဆက်စပ်သလဲဆိုတာ သူမသိရမှာပဲဖြစ်သည်။)"အခုရော အိမ်ကိုအပြီးပြန်လာတာလား ...
အကြောင်းမကြား ဘာမကြားနဲ့ငါ့မြေးရယ်...."အဖိုးဦးမာလိကလဲ ကျောမှာပိုးထားသည် ကြယ်လေးအဝတ်ထုပ်ကို ကြည့်ပြီးမေးလိုက်လေ၏။
YOU ARE READING
အိမ်ရှေ့မင်းသားရဲ့ လမ်းပြကြယ်လေး(Normal)