(Part - 21)

1.9K 137 0
                                    

(U&Z)

မယ်​တော်​ကြီး ပန်​သုလာက ကြယ်​လေးကို အ​ခေါ်​တော်​လွှတ်​လိုက်​တာမို့ သူမ မယ်​တော်​ကြီးရဲ့နန်း​ဆောင်​သို့​ရောက်​လာခဲ့ရသည်​။

"မိဖုရား​တွေရဲ့​အရေးကိစ္စ​တွေနဲ့ မင်း​ဆွေမင်းမျိုး​ရေးရာကိစ္စ​တွေကို ငါ့ရဲ့သား​တော်​မင်းကြီးက မင်းကိုလုပ်​ပိုင်​ခွင့်​အားလုံး​ပေးလိုက်​တယ်​တဲ့ ...
အဲ့ဒါ ဘယ်​လိုဖြစ်​ရတာလဲ မင်း​ကတောင်းဆိုလိုက်​တာ​ကြောင့်​လား ... "

ကြယ်​လေး ဒီကိစ္စအား မသိပါ။
မင်းကြီးထျန်​လျန်​ကလဲ သူမကိုကြိုတင်​အ​ကြောင်းကြားထားခြင်းလဲ မရှိခဲ့​ပေ။

"ငါ့ရဲ့သား​တော်​က ဒီရက်​တွေမှာ မင်းရဲ့အ​ဆောင်​ကိုပဲ သွား​နေတယ်​လို့ ငါသိရတယ်​...
မင်းကြီးရဲ့ချစ်​မြတ်​နိုးခြင်းကို ခံရတဲ့ မိဖုရားဆိုတာ မင်းအတွက်​ကောင်းမွန်​တယ်​ဆို​ပေမယ့်​အဲ့ဒီ့အခွင့်​အ​ရေးကို အသုံးချပြီး​တော့ နန်းတွင်း​ရေးရာ​တွေကို ဝင်​ပါဖို့မင်းမကြိုးစားသင့်​ဘူး ... "

"မယ်​မယ်​ဖုရား ... ဒီကိစ္စ​တွေကို ကျွန်​မဘာမှ မသိရ​သေးပါဘူး ...
မင်းကြီးကလဲ ကျွန်​မကိုကြိုတင်​အသိ​ပေးထားတာမျိုးလဲ မရှိ​သေးပါဘူး ...
ပြီး​တော့ ကျွန်​မက နန်း​တော်​ကိုမကြာ​သေးခင်​ကမှ​ရောက်​လာတဲ့တိုင်းတစ်​ပါးက မိဖုရားတစ်​ပါးပါ မယ်​မယ်​ဖုရား ...
အဲ့ဒါ​ကြောင့်​ဒီနန်းတွင်းရဲ့ အ​ရေးကိစ္စ​တွေကို ကျွန်​မသိသင့်​သ​လောက်​သိ​ပေမယ့်​ဝင်​ရောက်​ပါဝင်​ဖို့ကို​တော့​မကြိုးစားပါဘူး ... "

ဤမိန်းခ​လေးသည်​စကား​ပြောအရာမှာ အင်​မတန်​လိမ်​မာပါးနပ်​၏။
ဒါကို မယ်ေ​တ်ာကြီး​ပန်​သုလာကလဲ ရိပ်​မိပါသည်​။
ကိုယ့်​အ​ပေါ်မှာ ကျ​ရောက်​လာ​တော့မည့်​ငြို ငြင်​မှု အမျက်​ဒေါသ​တွေကို သူမကလိမ်​မာပါးနပ်​စွာ တိမ်း​ရှောင်​လိုက်​နိုင်​သည်​။

"မင်းက​မကြိုးစား​ပေမယ့်​ငါ့​သား​တော်​က မင်းကို အတင်း​တာဝန်ေ​တွပေးချင်​နေပုံရတယ်​...
​အေး​လေ​ယောကျာင်္းတစ်​ယောက်​ရဲ့အ​လေး​ပေးခြင်းကို ခံရမှာ​တော့ မင်းမှာဒီလို​အခွင့်​အ​ရေး​တွေ ရလာနိုင်​တာပဲ ... "

အိမ်ရှေ့မင်းသားရဲ့ လမ်းပြကြယ်လေး(Normal)Where stories live. Discover now