(Part - 18)

1.9K 147 2
                                    

(U&Z)

မင်းကြီးထျန်​လျန်​ကို တြိဂါနိုင်​ငံမှဆက်​သလိုက်​သည့်​ရှင်​ဆူးဆို​သောမိဖုရားသည်​ကြယ်​လေးနဲ့အလွန်​တူသည်​ဟု အင်​ချန်း သတင်းစကားများကြားပြီးသည့်​နောက်​တွင်​...
သူမနဲ့​တွေ့ဖို့ သူမရဲ့နန်း​ဆောင်​သို့ အင်​ချန်း​ရောက်​လာခဲ့​လေ၏။

အင်​ချန်း​ရောက်​တော့ သူမက ဥယျာဉ်​တော်​ထဲတွင်​ရှိ​နေ​တာပဲဖြစ်​သည်​။
နန်းတွင်း​အ​စေခံ​တွေကို အ​ကြောင်းမကြားခိုင်းပဲနဲ့ ထိုဥယျာဉ်​တော်​ထဲသို့ အင်​ချန်း ဝင်​ရောက်​လာခဲ့မိ၏။

​နေ​ရောင်​ဖျော့​ဖျော့​အောက်​မှာ သူမသည်​ကျော​ခိုင်းရပ်​နေခဲ့ကာ ပန်း​ရောင်​စုံပွင့်​ဖူး​နေသည့်​ဥယျာဉ်​ကို ရပ်​ကြည့်​ရုံသာ​နေ၏။
ပန်း​တွေရဲ့အလှကို ခံစား​နေတာလား တစ်​စုံတစ်​ရာကို​တွေး​တော​နေခဲ့သည်​လား မသိ​ပေ။

သူမအနားသို့ သူ​ရောက်​သွား​တော့ သူမကလဲ သူ့အားလှည့်​ကြည့်​တာနှင့်​ဆုံသွားပြီး သူမမျက်​နှာကို သူမြင်​လိုက်​ရ​လေသည်​။

မြင်​လိုက်​ရသည့်​မျက်​နှာ​လေး​ကြောင့်​အင်​ချန်း အံ့သြသွားရ၏။
သူမ သူမက ကြယ်​လေး ...။

"ကြယ်​လေး ... "

နှုတ်​ဖျားမှ ထိုအမည်​ကို​ရေရွတ်​ရင်း သူမရဲ့လက်​ကိုလဲ အင်​ချန်းလှမ်းဆွဲလိုက်​မိသည်​။

"ကြယ်​လေး ... ကြယ်​လေး ... မင်းမ​သေဘူး​နော်​မင်းအသက်​ရှင်​နေခဲ့တာပဲ ... "

အင်​ချန်းဆွဲကိုင်​ထားသည့်​လက်​ကို မိဖုရားရှင်​ဆူးက အတင်းပြန်​ရုန်း​လိုက်​လေသည်​။
ပြီး​နောက်​...

"လာပြန်​ပြီလား​နောက်​တစ်​ယောက်​...
ကျွန်​မက ကြယ်​လေးဆိုတဲ့တစ်​ယောက်​မဟုတ်​ဘူး ကျွန်​မက တြိဂါကမင်းသမီးရှင်​ဆူး ... "

"မဟုတ်​ဘူး ... မင်းလိမ်​ညာ​နေတာ ...
မင်းက ကြယ်​လေးပဲ ... "

"ကြယ်​လေးဆိုတဲ့တစ်​ယောက်​နဲ့ လူ​တူ​နေတာနဲ့ပဲ ကျွန်​မက ကြယ်​လေးဖြစ်​ရမှာလား ...
ဒီ​မြေကမ္ဘာမှာ လူတူတဲ့သူ​တွေ အများကြီးရှိ​နေနိုင်​တာပဲ​လေ ...
ပြီး​တော့ အဲ့ဒီ့ကြယ်​လေးဆိုတာ မင်းကြီးအိမ်​ရှေ့စံဘဝတုန်း​က သူ့ကိုကာကွယ်​ပေးရတဲ့ ကိုယ်​ရံ​တော်​ယောကျာင်္း​လေးတစ်​ယောက်​ပဲ ကျွန်​မကမိန်းမတစ်​ယောက်​လေ​...
အဲ့​တော့ လူတူ​နေရင်​တောင်​ကျွန်​မကကြယ်​လေးဆိုတာ လုံးဝမဖြစ်​နိုင်​တဲ့ကိစ္စပဲ ... "

အိမ်ရှေ့မင်းသားရဲ့ လမ်းပြကြယ်လေး(Normal)Where stories live. Discover now