(Part - 14)

1.7K 138 0
                                    

(U&Z)

အင်ချန်းက သူ့ရဲ့မယ်​မယ်​ဒုတိယ​မြောက်​မိဖုရား၏ နန်း​ဆောင်​သို့​အ​ခေါ်​တော်​လွှတ်​လိုက်​တာ​ကြောင့်​ရောက်​လာခဲ့သည်​။
ဒီ​ရောက်​တော့ သူ့ရဲ့မယ်​မယ်​အပြင်​သူ့ရဲ့ဦးရီး​တော်​လက်​ယာအမတ်​ကြီးပါ​ရောက်​နေ​လေ၏။

မယ်​မယ်​နဲ့ ဦးရီး​တော်​က သူ့ကိုဘာအတွက်​အခေါ်​တော်​လွှတ်​လိုက်​သည်​လဲ သူမခန့်​မှန်းနိုင်​ပေ။
​သေချာတာက​တော့ ဒီလိုလူစုံ​နေပြီဆိုလျှင်​တစ်​စုံတစ်​ရာကိစ္စအတွက်​တိုင်​ပင်​ဖို့ပဲ ဖြစ်​ပါလိမ့်​မည်​။
ပြီး​တော့ မယ်မယ်နန်းေ​ဆာင်က​နန်းတွင်းအ​စေခံ​တွေ အ​ခြွေရံ​တွေအကုန်​လုံး နန်း​ဆောင်​အပြင်​ကို ထွက်​ခိုင်းထားပြီး မည်​သူမှအပြင်​တံခါးသို့ပင်​မချဉ်းကပ်​ရဟု အမိန့်​ထုတ်​ထား​လေသည်​။

"မယ်​မယ်​ရာ ... မဖြစ်​နိုင်​တာ ...
ကျွန်​တော်​သ​ဘောမတူဘူး ထျန်​လေးနဲ့ ကျွန်​တော်​က ဖခင်​တူတဲ့ညီအစ်​ကို​တွေပါ ... "

မယ်​မယ်​နဲ့ ဦးရီး​တော်​က သူ့ကို​ပြောပြလိုက်​သည့်​အ​ကြောင်းအရာသည်​အင်ချန်း​ကိုယ့်​နားပင်​ကိုယ်​မယုံနိုင်​လောက်​အောင်​ဖြစ်​သွားရသည်​။
ထျန်​လျန်​ကို လုပ်​ကြံဖို့အတွက်​အခုထဲကစီစဉ်​ရမည်​တဲ့ ...။

"ညီအစ်​ကိုဆိုတာ ဟုတ်​ပေမယ့်​မင်းရဲ့​နေရာအတွက်​တိုက်​ခိုက်​သင့်​ရင့်​တိုက်​ခိုက်​ရမှာပဲ ချန်း ... "

"​နေရာဟုတ်​လား ...​နေရာဆိုတာ ဘယ်​နေရာ​ကို​ပြောတာလဲ မယ်​မယ်​အခုလဲကျွန်​တော့်​မှာ​နေရာတစ်​ခုဆိုတာ ရှိ​နေတာပဲ​လေ ... "

"မဟုတ်​ဘူး သား​တော်​မင်းအခုရှိ​နေရတဲ့​နေရာဆိုတာ တစ်​ချိန်​မှာ ရှင်​ဘုရင်​ဖြစ်​လာဖို့ မ​သေချာ​နိုင်​တဲ့​နေရာမျိုး ... "

"ကျွန်​တော်​ရှင်​ဘုရင်​မဖြစ်​ချင်​ဘူးလို့ မ​ပြောနိုင်​ပေမယ့်​အဲ့ဒီ့​နေရာကို ရသင့်​မှပဲလိုချင်​တယ်​မယ်​မယ်​...
မရမက​သွေးစွန်း​စေပြီး​တော့မှ ထီးနန်းဆိုတာကို မလိုချင်​ဘူး ... "

"ဒီမှာ တူ​တော်​မောင်​ဦးရီး​တော်​ပြောမယ်​...
အခုမင်းကြီးက ဒီနှစ်​ကုန်​ရင်​ထျန်​လျန်​ကို နန်းစွန့်​ပေး​တော့မှာ ...
ထျန်​လျန်​သာ မင်းကြီးဖြစ်​လာခဲ့ရင်​သူ့ကိုယှဉ်​ပြိုင်​လာမယ့်​သူ့ရဲ့ညီအစ်​ကို​တော်​တွေကို မိဖုရားကြီးပန်​သုလာနဲ့ လက်​ရှိမင်းကြီးက ထီးနန်းကိုမလုယူလာနိုင်​အောင်​တစ်​မျိုးမျိုးစီစဉ်​ကြလိမ့်​မယ်​...
ဒါက မင်းမျိုးမင်းနွယ်​တွေအတွက်​စိုးရိမ်​စရာအ​ခြေအ​နေတစ်​ခုပဲ ချန်း ... "

အိမ်ရှေ့မင်းသားရဲ့ လမ်းပြကြယ်လေး(Normal)Where stories live. Discover now