(Part - 8)

2K 161 0
                                    

(U&Z)

တစ်​နေရာရာသို့ ခပ်​သုတ်​သုတ်​လျောက်​လှမ်းသွား​နေ​သော ကြယ်​လေးကို မြင်​လိုက်​တာမို့ အင်​ချန်းတစ်​ယောက်​ကြယ်​လေးအ​နောက်​ကို လိုက်​သွားမိဖို့​ခြေလှမ်းကအလိုလိုပါသွားခဲ့ရ၏။
အစက​တော့​လှမ်း​ခေါ်ဖို့ပြင်​လိုက်​ပေမယ့်​အနည်းငယ်​အလှမ်းကွာ​နေ၍​လှမ်း​ခေါ်လဲမကြားမှာစိုးတာကတစ်​ကြောင်း ကြယ်​လေးကိုစချင်​နောက်​ချင်​တာက တစ်​ကြောင်းမို့ အင်​ချန်းက ကြယ်​လေးအ​နောက်​က​နေ တိတ်​တဆိတ်​လိုက်​လာခဲ့လိုက်​လေသည်​။

ကြယ်​လေးက အ​နောက်​ဘက်​တံခါးအနားက စစ်​ရေး​လေ့ကျင့်​ရာ​နေရာသို့ သွား​နေတာပဲဖြစ်​သည်​။ ပြိုင်​ပွဲ သို့မဟုတ်​စစ်​ရေး​လေ့ကျင့်​သည့်​အချိန်​မဟုတ်​ရင်​ထို​နေရာမျိုးမှာက လူအသွားအလာမရှိ​ပေ။
အဝင်​ပေါက်​၌သာ အ​စောင့်​လေးငါး​ယောက်​ရှိ​နေ​ပေမယ့်​ပွဲကြည့်​စင်​ဘက်​မှာ​တော့ မည်​သူမျှမရှိပါ။

"ဘယ်​သူမှမရှိတဲ့ ပွဲကြည့်​စင်​ဘက်ကို ကြယ်​လေးအ​လောတကြီးနဲ့ ဘာသွားလုပ်​တာပါလိမ့်​.... "

စချင်​နောက်​ချင်​သည့်​စိတ်​က​ပျောက်​သွားပြီး ကြယ်​လေး ဘာသွားလုပ်​တာလဲဟု သိချင်​စိတ်​က​ပေါ်လာခဲ့သည်​။
တကယ်​ဆို ကြယ်​လေးအလုပ်​က အိမ်​ရှေ့စံရဲ့ကိုယ်​ရံ​တော်​ပါ အချိန်​ပြည့်​ထျန်​လျန်​အနားမှာ ရှိ​နေရသူက တစ်​ယောက်​ထဲဒီ​နေရာကို ဘာကိစ္စရှိ၍​ရောက်​လာရသည်​လဲ ...။

ကြယ်​လေးက ပွဲကြည့်​စင်​ပေါ်သို့တက်​သွားတာမို့ အင်​ချန်​လှမ်းကြည့်​လိုက်​တော့ ထို​နေရာ၌ မိန်းခ​လေးတစ်​ယောက်​ရှိ​နေ​လေ၏။

"​သြော်​... မိန်းခ​လေးနဲ့ လာ​တွေ့တာပဲ သူက ...
သူ့ကြည့်​တော့ မိန်းမ​တွေစိတ်​မဝင်​စားတဲ့ပုံစံမျိုးနဲ့ပါ တကယ်​မထင်​ရဘူး ဒီ​ကောင်​...
ထျန်​လေးကို​ပြောပြရဦးမယ်​... "

အင်​ချန်းက ကြယ်​လေးအ​ကြောင်း ထျန်​လျန်​နဲ့​ပြောပြရမည်​ဟု​တွေးပြီးသ​ဘောတကျပြုံး​နေတုန်း​ရှိ​သေး၏။
ထိုပွဲကြည့်စင်ေ​ပ်ါက မိန်းခ​လေးရဲ့ဝတ်စုံကို​အင်​ချန်း​သေချာသတိထားမိလိုက်​လေသည်​။
ဒီဝတ်​စုံ ဒီအင်္ကျီအ​ရောင်​သည်​...
(မူဂန်​နန်းတွင်း၌ အဆင့်​သတ်​မှတ်​ချက်​၊ ဌာနအဖွဲ့အစည်း​တွေအလိုက်​ဝတ်​စုံ အ​ရောင်​စသည်​တို့သည်​ခွဲခြားသတ်​မှတ်​ထား​၏။)

အိမ်ရှေ့မင်းသားရဲ့ လမ်းပြကြယ်လေး(Normal)Where stories live. Discover now