(Part - 10)

1.9K 148 0
                                    

(U&Z)

"သား​တော်​မင်း အခုတ​လော စန်းယူရဲ့နန်း​ဆောင်​ကို မကြာခဏသွား​နေတယ်​ဆို ဟုတ်​လား ... "

မိဖုရားပန်​သုလာက သူ့ရဲ့သား​တော်​ထျန်​လျန်​ကို​မေး​နေ၏။ သူမသတင်း​တွေ ကြားထားပါသည်​။ ထျန်​လျန်​စန်းယူရဲ့အ​ဆောင်​တော်​ကို​နေ့စဉ်​နီးပါးသွား​နေသည့်​အ​ကြောင်း ...။

"သား​တော်​တစ်​ယောက်​ထဲ​နေရတာ ပျင်းလို့ အစ်​ကို​တော်​စန်းယူဆီကို သွားတာပါ မယ်​မယ်​... "

"ဘာပဲဖြစ်​ဖြစ်​... တစ်​ယောက်​ထဲ​နေတတ်​အောင်​နေပါ ထျန်​လေး ...
မင်းရဲ့ညီအစ်​ကို​တွေအ​ပေါ်ကို အရမ်းမတွယ်​မိပါ​စေနဲ့ မယ်​မယ်​ပြော​နေတာ​တွေက မင်းအတွက်​ပဲ ...
သာမာန်​လူ​တွေအတွက်​မိသားစုဆိုတာ စည်းလုံးချစ်ခင်ကြ​ဖို့လို​ပေမယ့်​မင်းမျိုးမင်းနွယ်​တွေမှာ​တော့ အဲ့လို​တွေအမြဲမရှိကြဘူး ...
အားလုံးက အာဏာအတွက်​နေရာတစ်​ခုအတွက်​ရပ်​တည်​နိုင်​ဖို့ တစ်​ယောက်​ကိုတစ်​ယောက်​ချနင်းသင့်​ရင်​နင်းရမှာပဲ ...
အဲ့ဒီ့အတွက်​အစထဲက မချစ်ခင်​မရင်းနှီးတာကပို​ကောင်းတယ်​ထျန်​လေး ... "

"မယ်​မယ်​ဒါ​ပေမယ့်​လဲ သူတို့က ကျွန်​တော်​နဲ့ညီအစ်​ကို​တွေပဲ​လေ ... "

"ဒီမှာသား​တော်​ထီးနန်း​နေရာတစ်​ခုကို ရဖို့အတွက် တိုင်းပြည်အသီးသီးမှာ​မင်းညီမင်​သား​တွေ ညီအစ်ကို​အချင်းချင်း သတ်​ဖြတ်​ကြသလို ဦး​လေးနဲ့တူ အ​ဖေနဲ့သား အချင်းချင်းလဲ သတ်​ဖြတ်​ပြီး ထီးနန်းကိုလုယူခဲ့ကြတယ်​...
ဒီလိုမျိုး​တွေ အ​ရှေ့မှာ အများကြီးရှိထားလို့ မယ်​မယ်​က သား​တော်​ကို ဒုက္ခ​ရောက်​မှာစိုးလို့​ပြော​နေရတာ ...
သား​တော်​က သူတို့ကိုညီအစ်​ကို​တွေလို့ မြင်​ကြ​ပေမယ့်​သူတို့ကသား​တော်​ကို ညီအစ်​ကိုလို့ မြင်​ပါ့မလား ...
​ပြီး​တော့ သူတို့မယ်​မယ်​တွေရဲ့​ဆွေမျိုး​တော်​တွေကလဲ ကြားဝင်​နေကြစမြဲပဲ ဒါ​တွေကို ငါ့သား​တော်​သိရဲ့လား ... "

ထျန်လျန်​မသိတာ​တော့ မဟုတ်​ပါ။ မြင်​နေကြား​နေရတာပဲမို့လား ...။
သို့​ပေမယ့်​လည်း ညီအစ်​ကိုချင်း မရင်းနှီးဖို့ လိုအပ်​ရင်​သစ္စာ​ဖောက်​ဖို့ ဆိုတာမျိုးကျ​တော့ အလွန်​ဆိုးရွားလွန်းလှပါသည်​။

အိမ်ရှေ့မင်းသားရဲ့ လမ်းပြကြယ်လေး(Normal)Tempat cerita menjadi hidup. Temukan sekarang