(U&Z)
ထျန်လျန်ရဲ့တောင်းဆိုမှုကြောင့်သူတို့တွေဒီနေ့ နန်းတော်အပြင်ကို ထွက်လည်ဖြစ်ကြလေသည်။
စန်းယူက အလုပ်တွေမအား၍ လိုက်မလာခဲ့ပေ။ ဒီတော့ ထျန်လျန်ကြယ်လေး အင်ချန်းတို့သုံးယောက်ထဲသာ ....ဗီယာမြို့ထဲဈေးကိုလျောက်ကြည့်ဖြစ်ကြရင်း ဟိုဟိုဒီဒီစားစရာတွေလဲ လိုက်စားဖြစ်ကြရင်း သုံးယောက်သား အပြင်ထွက်လည်ရတာပျော်ဖို့တော့ကောင်းလှသည်။
ကြယ်လေးနဲ့ အင်ချန်းအတွက်က ဒီလိုအတွေ့အကြုံမျိုး ရှိခဲ့ဖူးပေမယ့်ထျန်လျန်အတွက်ကျတော့ ဒါကပထမဆုံးပင်။"ဒီလိုမျိုး မြို့တော်ကဈေးထဲကိုလျောက်သွားဖူးတာ ဒါအဦးဆုံးပဲ ...
အရမ်းပျော်ဖို့ကောင်းတယ်... ""မင်းသား လမ်းကိုကောင်းကောင်းလျောက်ပါ တခြားလူတွေနဲ့ဝင်တိုက်မိပြီးချော်လဲကျနေပါ့မယ်... "
သူ့ရဲ့အရှေ့ကအရာမှန်သမျှကို ဂရုမစိုက်ပဲ သူငေးချင်ရာငေးပြီး သူကြည့်ချင်ရာ ကြည့်နေသည့်ထျန်လျန်ကို ကြယ်လေးက သတိပေးနေရ၏။
"ငါက ကလေးလေးမို့လို့လား ...
ဒီလောက်ေလးကို မင်းကလိုက်စိုးရိမ်နေရအောင်... ""ကျွန်တော်က မင်းသားရဲ့ကိုယ်ရံတော်ပဲ စိုးရိမ်ရမှာပေါ့ ... "
"ဒါနန်းတော်ထဲမှာမဟုတ်ဘူး သာမာန်လူတွေကြားထဲမှာရောက်နေတာ ...
မင်းရဲ့အခေါ်အဝေါ်ကို ပြင်လိုက်ကြယ်လေး ငါ့ကို ထျန်လေးလို့ပဲခေါ် ...
မင်းက မင်းသား မင်းသားနဲ့လိုက်ခေါ်နေတော့ သူများတွေကြားရင်ဘယ်လိုလုပ်မလဲ ...
ငါသာမာန်လူတစ်ယောက်လို လွတ်လွတ်လပ်လပ်လျောက်သွားကြည့်ချင်တယ်... ""ဟုတ်ကဲ့ပါ မင်းသား ... အဲ မဟုတ်ဘူး ထျန်လေး ... "
ကြယ်လေး စကားတွေမှားနေတာကိုကြည့်ပြီး ထျန်လျန်က ရယ်နေလေသည်။ သူ့လိုပင်အင်ချန်းကလဲ ကြယ်လေးကိုကြည့်ပြီး သဘောကျစွာပြုံးရယ်နေလေ၏။ ပြီးတော့ ...
YOU ARE READING
အိမ်ရှေ့မင်းသားရဲ့ လမ်းပြကြယ်လေး(Normal)