(Part - 25)Ending

8.2K 267 7
                                    

(U&Z)

မ​နေ့ညက နန်းတွင်းပဋိပက္ခနန်းလုပွဲ​၌ အင်​ချန်းတို့ အ​ရေးနိမ့်​ခဲ့ပြီး​နောက် အင်​ချန်း၊​ဒုတိယ​မြောက်​မိဖုရားနှင့်​ဦးရီး​တော်​တို့အား သူတို့၏​ဆွေမျိုးများနဲ့အတူ ပြည်​နှင်​ဒဏ်​ပေးခဲ့​လေသည်​။

ထို့ပြင်​အင်​ချန်း၏ ဦးရီး​တော်​ရဲ့​ဆွေမျိုး​တော်​ဖြစ်​သည့်​မင်းကြီးထျန်​လျန်​မိဖုရား​ခေါင်​သည်​လည်း မိဖုရား​ခေါင်​အဖြစ်မှ​နန်းချခံခဲ့ရ၏။
မင်းကြီးထျန်​လျန်​က လစ်​လပ်​သွားခဲ့သည့်​မိဖုရား​ခေါင်​နေရာ၌ ကြယ်​လေးကို တင်​မြှောက်​ခဲ့သည်​။

ကြယ်​လေးကို မိဖုရား​ခေါင်​အဖြစ်​တင်​မြှောက်​ပြီး ပထမဆုံး​နေ့၌ပင်​မင်းကြီးထျန်​လျန်​တစ်​ယောက်​အ​ပျော်​တွေက မဆုံးနိုင်​အောင်​ရှိခဲ့​ပါသည်​။
ထျန်​လျန်​နန်း​ဆောင်​မှာ ကြယ်​လေးရှိ​နေခဲ့ကာ နှစ်​ယောက်​သား စကား​တွေ​ပြောဖြစ်​ကြ၏။

"ငါ့မှာ ဟိုးအရင်​ထဲက စိတ်​ကူးတစ်​ခုရှိခဲ့ဖူးတယ်​ကြယ်​လေး ...
ငါ့ရဲ့မိဖုရား​ခေါင်​တိုင်းပြည်​ရဲ့မိခင်​နေရာမှာ မင်းကိုပဲဖြစ်​စေချင်​တယ်​လို့ ...
ဒါ​ပေမယ့်​မင်းမရှိ​တော့တဲ့​နောက်​အဲ့ဒီ့စိတ်​ကူး​တွေက ပျက်​ဆီးခဲ့တယ်​...
အခုကျ​တော့ မဖြစ်​နိုင်​ဘူး ထင်​ခဲ့​ပေမယ့်​တဖန်​ဖြစ်​လာခဲ့ပြန်​ပြီ ...
အဲ့ဒါဘာလို့လဲ သိလား ... "

ထျန်​လျန်​က စကားကို ခတ္တရပ်​ပြီး ကြယ်​လေးကို​အပြုံးတို့နှင့်​စူးနစ်​စွာကြည့်​ရင်း ...

"မင်းက အစထဲက ငါ့ရဲ့မိဖုရား​ခေါင်​ဖြစ်​ဖို့အတွက်​ကံတရားကရှိ​နေပြီသားမို့ပဲ ... "

ကြယ်​လေးက ထျန်​လျန်​ကို​ငေးကြည့်​ရင်း ...

"မင်းကြီးရဲ့ အချစ်​ကို ပိုင်​ဆိုင်​ခွင့်​ရလို့ ကြယ်​လေးအရမ်း​ပျော်​မိပါတယ်​... "

ထျန်​လျန်​က သူမလက်​လေးကို​နွေး​ထွေးစွာ ဆုပ်​ကိုင်​လိုက်​ပြီး​နောက်​တစ်ေ​ယာက်​နဲ့တစ်​ယောက်​ကြည့်​နေမိကြ၏။
အခုချိန်​မှာ သူတို့အတွက်​အ​နှောင့်​အယှက်​အတားအဆီးဟူသည်​ရှိမ​နေ​တော့ပါ။
ချစ်ရသူအနားမှာ တစ်​သက်​လုံးအတူ​နေထိုင်​ရင်းနဲ့ ဘဝသည်​ရှေ့ဆက်​ဖို့အတွက်​မနက်​ဖြန်​တိုင်းက လှပ​နေခဲ့​လေပြီ ...။

အိမ်ရှေ့မင်းသားရဲ့ လမ်းပြကြယ်လေး(Normal)Where stories live. Discover now