(U&Z)
ညနေခင်းနေမို့နေရောင်သိပ်မပြင်းတော့ပေမယ့်လဲနေရောင်ခြည်ရဲ့ အပူဒဏ်ကရှိသင့်သလောက်တော့ရှိတာပါပဲ။
ထိုအချိန်အခါမျိုးမှာ နန်းတော်၏အနောက်ဘက်တံခါးအနီးက စစ်ရေးလေ့ကျင့်ရာကွင်းပြင်တွင်ကြင်ယာေတာ်ရွေးပွဲလာသူ သခင်မလေးတို့ရဲ့ ကိုယ်ရံတော်တွေ လူစုနေကြလေသည်။
(စစ်ေရးလေ့ကျင့်ရာကွင်းပြင်=နန်းတွင်းရဲမက်တို့ စစ်ရေးလေ့ကျင့်ခြင်းနဲ့ ရဲမက်တို့၏အရည်အချင်းစစ်ပြိုင်ပွဲများပြုလုပ်ရာနေရာ)အကြောင်းကတော့ သခင်မလေးတွေ၏ ကိုယ်ရံတော်တွေအချင်းချင်း မည်သူကပို၍ အရည်အချင်းရှိပြီးတော်သည်လဲဟု ပြိုင်ပွဲလုပ်ကာသွေးတိုးစမ်းကြမှာပဲဖြစ်၏။
ထိုသို့ လုပ်ကြခြင်းက ကြင်ယာတော်ရွေးပွဲနဲ့ ဘာမှမဆိုင်ပေမယ့်ဒါကကိုယ်ရံတော်တွေကြားမှာ အရည်အချင်းတစ်ခုကို သိချင်၍ အချင်းချင်းစမ်းသပ်စိမ်ခေါ်ကြခြင်းပဲဖြစ်သည်။ကွင်းပြင်ကြီး၏ဘေးပတ်လည်မှာ ပွဲကြည့်စင်တွေရှိနေပေမယ့်ပွဲကြည့်မယ့်လူတွေကတော့ ရှိမနေပေ။
ဒါက လူသိရှင်ကြားလုပ်သည့်ပွဲမဟုတ်၍ လာရောက်ကြည့်ရှု့မည့်သူကား မရှိပါ။
ကြင်ယာတော်ရွေးပွဲလာသည့်သခင်မလေးတို့၏ ကိုယ်ရံတော်ဆယ်ယောက်သာ ကွင်းပြင်ထဲတွင်ရှိနေကြလေသည်။ထိုအထဲတွင်ကြယ်လေးသည်လည်း ပါဝင်နေသည်။ ကြင်ယာတော်ရွေးပွဲနဲ့ ဘာမှမဆိုင်ပဲ ဘယ်သူက ဘယ်လိုအရည်အချင်းရှိသလဲဟု စိန်ခေါ်ကြသည့်ပွဲတစ်ခုမို့ ကြယ်ေလးက စိတ်မဝင်စားပေ။ ထို့ကြောင့်တိတ်တဆိတ်ရှောင်ထွက်သွားဖို့ လုပ်ပေမယ့်လည်း .....
"ဟိတ်ဟိုရုပ်ချောချောနဲ့ တစ်ယောက်....
ဒါကဘယ်လဲ ..... "ခပ်ထွားထွား ခပ်တောင့်တောင့်ခန္ဓာကိုယ်နဲ့ယောကျာင်္းကြီးတစ်ယောက်က ကြယ်လေးကို လှမ်းအော်ခေါ်လိုက်သည်။
ဒီအုပ်စုထဲမှာ ရုပ်ချောချောလို့ပြောယူရလောက်ေအာင်ဆိုလို့ ကိုယ်တစ်ယောက်ပဲရှိတာမို့ ကြယ်လေးကလဲ သိ၏။
ခေါ်လိုက်တာနဲ့ တန်းခနဲလှည့်ကြည့်လိုက်သည်။
YOU ARE READING
အိမ်ရှေ့မင်းသားရဲ့ လမ်းပြကြယ်လေး(Normal)