(Part - 22)

1.9K 126 0
                                    

(U&Z)

"မိဖုရားရှင်​ဆူး ဘုရား ...
မင်းသားအင်​ချန်း လာပါတယ်​... "

နန်းေ​ဆာင်ထဲမှာတစ်​ယောက်ထဲ စာဖတ်​နေစဉ်အချိန်တွင်​အ​စေခံတစ်​ယောက်​က သူမကို​ရှေ့​တော်ေ​ပြးအ​ကြောင်းကြားလာခဲ့၏။
သူမအ​ဆောင်အထိေ​ရာက်လာပြီး​နေ​မှ​တော့ မ​တွေ့ချင်​ပါဘူးဆိုပြီး​ပြောလိုက်​ဖို့လဲ မသင့်​သည်​မို့ ...။

"အထဲဝင်​ခွင့်​ပြုလိုက်​ပါ ... "

အ​စေခံက​နေတစ်​ဆင့်​ဝင်​ခွင့်​ပြုခြင်းကို​ပြောလိုက်​ပြီး ခဏ​အကြာမှာ မင်းသားအင်​ချန်းက သူမဆီသို့​ရောက်​လာခဲ့​လေသည်​။

"မင်းသားအင်ချန်း​ထိုင်​ပါဦး ... "

ကြယ်​လေးက အင်​ချန်းအား သူမနဲ့မျက်​နှာချင်းဆိုင်​ရှိ ထိုင်​ခုံတွင်​ဝင်​ထိုင်​ဖို့​ပြောရင်းနဲ့ အင်​ချန်းအတွက်​လက်​ဖက်​ရည်​ကြမ်းကိုပါ ငှဲ့ထည့်​ပေးလိုက်​လေသည်​။

"မင်းသား သုံး​ဆောင်​တော်​မူပါဦး ... "

"မင်းထွက်​သွားပြီးမှ ငါတို့မျက်နှာချင်းဆိုင်​ပြန်​တွေ့ကြတာ ဒီတစ်​ခါက ဒုတိယ​မြောက်​ပဲ ... "

အင်​ချန်းက အ​သေးအဖွဲကအစ မှတ်​သားထား​လေရဲ့ ...။

"မင်းသားကို ကျွန်​မအခါခါ​ပြောခဲ့ဖူးပါတယ်​...
ကျွန်​မက ကြယ်​လေးမဟုတ်​ပါဘူးလို့ ... "

"မင်းကြီးထျန်​လျန်​က မိဖုရားရှင်​ဆူးဆီကို အမြဲလိုလိုသွား​နေတတ်​ပြီး မိဖုရားရှင်​ဆူးကိုလဲ အရမ်းချစ်​မြတ်​နိုးတယ်​ဆိုတဲ့ သတင်းစကား​တွေက နန်း​တော်​ထဲမှာ ပျံ့နှံ့​နေတာ မင်းလဲသိမှာပါ ကြယ်​လေး ...
ဒါနဲ့​တောင်​မင်းကကြယ်​လေးမဟုတ်​ပါဘူးလို့ ငြင်းချင်​နေ​သေးတာလား ... "

အင်​ချန်းက သူမကိုရီ​ဝေစွာ​ငေးကြည့်​၍ ဆို၏။

"မင်းက​ကြယ်​လေးနဲ့ တူလွန်း​နေခဲ့ရင်​တောင်​မှ ထျန်​လျန်​က မင်းအ​ပေါ်မှာဒီလိုဆက်​ဆံမှာ မဟုတ်​ဘူး ...
သူက မင်းကို ကြယ်​လေးမှန်း​သေချာ​နေခဲ့လို့ ဒီလိုချစ်​ပြ​နေတာ ...
အဲ့ဒါကိုမှ ငါမရိပ်​မိ​ရအောင်​ငါကတုံးအလွန်း​နေတဲ့သူမှမဟုတ်​ပဲ ... "

အိမ်ရှေ့မင်းသားရဲ့ လမ်းပြကြယ်လေး(Normal)Where stories live. Discover now