(U&Z)
ထျန်လျန်က မြို့တော်အသီးသီးက ပို့လိုက်သည့်မြို့တော်ဝန်တို့ရဲ့ အစီရင်ခံစာလွှာတွေကို ဖတ်ရှု့စီစစ်နေရင်းနဲ့ သူ့အနားတော်ပါက ရိုဒန်ကို ...
"ရိုဒန်ငါယုံကြည်ရဆုံး အားကိုးရဆုံးသူက မင်းပဲလို့ ငါပြောခဲ့ဖူးတယ်နော်... "
"မှန်ပါတယ်မင်းကြီးပြောခဲ့ဖူးပါတယ်... "
"အဲ့ဒါဆိုရင်ဘာလို့ မင်းငါ့ကိုလိမ်ညာထားရတာလဲ ... "
"အရှင်မင်းကြီးကို ကျွန်တော်မလိမ်ညာရဲပါဘူး ဘုရား ... "
ထျန်လျန်စကားကြောင့်ရိုဒန်က ပြာပြာသလဲတောင်းပန်သမှုပြုလေ၏။
တကယ်တော့မင်းကြီး ဆိုလိုတဲ့အကြောင်းအရာကို သူ,မသိပါ။"မိဖုရားရှင်ဆူးက ကြယ်လေးဆိုတာ ငါသိပြီးပြီ ... "
သူတို့ဖုံးကွယ်ထားသည်ကို မင်းကြီးသိရှိနေပြီမှန်း ရိုဒန်သိလိုက်ရ၍ ထိပ်လန့်သွားမိတာတော့အမှန်ပင်...။
မင်းကြီးထျန်လျန်ကို မဝံ့မရဲတစ်ချက်မော်ကြည့်မိပြီးနောက်အကြည့်ချင်းမဆုံရဲတော့ပဲခေါင်းငုံ့နေမိ၏။"မင်းတို့သူငယ်ချင်းသုံးယောက်စကားပြောတဲ့ညက အဲ့ဒီ့အဆောင်ကို ငါရောက်လာခဲ့တယ်...
မင်းတို့ပြောနေကြတာတွေ အကုန်လုံး ငါကြားပြီးပြီ ... ""ကျွန်တော့်ကို ခွင့်လွှတ်တော်မူပါ မင်းကြီး ...
ကျွန်တော်မင်းကြီးကို ထိမ်ချန်ထားမိပါတယ်... ""ထားပါတော့ ...
ငါက မင်းကို မကျေမနပ်နဲ့အပြစ်ပေးမလို့ပြောနေတာမဟုတ်ဘူး ...
ငါသိထားတယ်ဆိုတဲ့အကြောင်း မင်းကိုသိစေချင်တာ ... "ထျန်လျန်စိတ်ထဲကအတွေးသည် အမှန်တရားတွေအားလုံး သူသိနေတယ်ဆိုတာကို ကြယ်လေးအားမသိစေချင်ပေ။
သူမ ဘယ်အထိ ဖုံးကွယ်နေနိုင်မလဲဟု သိချင်မိသည်။"မင်းက ငါ့ကို အသက်ပေးပြီး သစ္စာရှိပါ့မယ်စောင့်ရှောက်ပါ့မယ်ဆိုပြီးမင်းရဲ့သူငယ်ချင်း ကြယ်လေးနဲ့ပတ်သက်လာတော့ ငါ့ကိုသစ္စာမရှိတော့ပါလား ရိုဒန်... "
YOU ARE READING
အိမ်ရှေ့မင်းသားရဲ့ လမ်းပြကြယ်လေး(Normal)