(Part - 23)

1.9K 123 0
                                    

(U&Z)

"ကြယ်​လေး နင်​ငါ့ကို​ပြောစရာရှိလို့ဆို ဘာအ​ကြောင်းကိစ္စများလဲ ... "

ကြယ်​လေးက ရိုဒန်​ကို အ​ခေါ်​တော်​လွှတ်​လိုက်​တာမို့ သူမအ​ဆောင်​သို့ ရိုဒန်​ရောက်​လာခဲ့ရသည်​။

"အ​ရေးကြီးတယ်​ငါနင့်ကို သတိ​ပေးစရာတစ်​ခုရှိလို့​ခေါ်ခိုင်းလိုက်​ရတာ ... "

"ဘာများလဲ ... "

"ငါအခု​ပြောတဲ့ကိစ္စကို နင်​မင်းကြီးကို ပြန်​ပြီးမ​ပြောပါနဲ့ ... "

"မင်းကြီး မသိ​အောင်​နင်​ဘာ​တွေလုပ်​မလို့လဲ ကြယ်​လေး ... "

"ငါလုပ်​မှာမဟုတ်​ဘူး ...
တခြားသူလုပ်​မှာကို ငါကတားမြစ်​ချင်​တာ ...
ဒါ​ပေမယ့်​ငါတားလို့ရ မရဆိုတာ မ​သေချာတဲ့အတွက်​ကြိုတင်​ကာကွယ်​ထားလို့ရ​အောင်​နင့်​ကို​ပြောမလို့ ... "

ကြယ်​လေးရဲ့ စကား​တွေကို ရိုဒန်​သ​ဘော​ပေါက်​သလို​တော့ရှိ၏။

"နင်​ပြောတဲ့ တခြားသူဆိုတာ မင်းသားအင်​ချန်းလား ... "

မင်းကြီးနဲ့ ကြယ်​လေးတို့ရဲ့ အတွင်း​ရေးကိစ္စ​တွေအားလုံးကို သိရှိထားပြီးသူမို့ ရိုဒန်​ချက်​ချင်းတန်းသိသွားတာက​တော့ သိပ်​မဆန်းပါ။

"အင်း ဟုတ်​တယ်​... ရိုဒန်​
မင်းသားအင်​ချန်းက ငါ့ကို သတိ​ပေးထားတယ်​...
မင်းကြီးနဲ့ထီးနန်းကို သူတစ်​စုံတစ်​ခုလုပ်​ဖို့ ကြံစည်​နေပုံပဲ ...
သူ့ပုံစံကြည့်​ရတာလဲ တကယ်​လုပ်​ဖို့ ဆုံးဖြတ်​ထားပုံရတယ်​... "

"ဒီကိစ္စက အ​ရေးကြီးတယ်​ကြယ်​လေး ...
မင်းကြီးကို ငါတို့​ပြောပြသင့်​တယ်​...
ဒါမှ​မင်းသားအင်​ချန်း​ရှေ့မဆက်​နိုင်​အောင်​တစ်​ခုခုလုပ်​ခွင့်​ရှိမှာ ...
ဘုရင့်​အာဏာနဲ့ဆိုရင်​အရာအားလုံး အဆုံးသတ်​သွားမှာပဲ ... "

"နင်​ပြောသလို ငါလဲ စဉ်းစားခဲ့ဖူးတယ်​...
ဒါ​ပေမယ့်​ငါမင်းသားအင်​ချန်းကို ဒုက္ခမ​ရောက်​စေချင်​ဘူး ...
သူ့ကို ဒီနန်းတွင်းထဲမှာပဲ​နေပြီး မင်းကြီးနဲ့အတူ တိုင်းပြည်​အတွက်​လုပ်​ဆောင်​စေချင်​တယ်​...
မင်းသားအင်​ချန်းသာ မင်းကြီးကို အကူအညီ​ပေးခဲ့မယ်​ဆိုရင်​မူဂန်​နိုင်​ငံက​ကောင်းမွန်​ခြင်း​တွေပဲ ဖြစ်​လာလိမ့်​မယ်​... "

အိမ်ရှေ့မင်းသားရဲ့ လမ်းပြကြယ်လေး(Normal)Donde viven las historias. Descúbrelo ahora