(U&Z)
မူဂန်နန်းတွင်းရဲ့ ညီလာခံသဘင်တွင်အမတ်ကြီ ဝန်မင်းတို့၏ တင်ပြသည့်အကြောင်းအရာသည်သူ့ကိုစိတ်မသက်မသာ ဖြစ်စေရသည်။
"ဘာ တြိဂါက သူတို့ရဲ့မင်းသမီးတစ်ပါးကို ငါ့မိဖုရားအဖြစ်ဆက်သတယ်ဟုတ်လား အမတ်ကြီးတို့ ... "
"မှန်လှပါဘုရား ... "
"မိဖုရား လာပြန်ပြီလား မိဖုရား ...
နိုင်ငံငယ်တွေက မူဂန်လိုနိုင်ငံနဲ့ မဟာမိတ်ဖွဲ့ဖို့အတွက်သူတို့နိုင်ငံရဲ့မင်းသမီးတွေကို လာရောက်ဆက်သလာသမျှ ငါကလက်ခံနေရတော့မှာတဲ့လား ... "ထျန်လျန်အတော်လေး စိတ်ပျက်နေမိပါသည်။ ဖြစ်နိုင်လျှင်သူ့အတွက်မိဖုရားဆိုတာ မလိုအပ်။
သို့သော်ရှင်ဘုရင်ဆိုတာ မိဖုရားမရှိလို့ မသင့်တော်မဖြစ်သင့်သည်ဟူသည်အစဉ်အလာအရသူလက်ခံခဲ့ရသည်။အခုသူ့မှာ မိဖုရားခေါင်ကြီးအပြင်နိုင်ငံငယ်တွေမှ ဆက်သလာကြသည့်မိဖုရားတွေကလဲ လက်ဆယ်ချောင်းပင်ပြည့်လုပြီ။
ဒါနဲ့တောင်အခုထပ်ပြီးနောက်ထပ်မိဖုရားတစ်ပါးလက်ခံရယူ ရဦးမှာတဲ့လား ...။
စိတ်ရှုပ်စရာကောင်းလွန်းလှပါ၏။"မင်းကြီးဘုရား ... တြိဂါက စစ်မက်အင်အား မတောင့်တင်းတာတစ်ခုကလွဲရင်ပြည့်စုံကြွယ်ဝတဲ့ နိုင်ငံငယ်တစ်ခုပါပဲ ...
တြိဂါနဲ့သာ မဟာမိတ်ဖွဲ့ရင်မူဂန်ရဲ့စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးကလဲ တိုးတက်လာမှာအမှန်ပါပဲ ဘုရား ... "လက်ဝဲအမတ်ကြီး(အိုလင်းရဲ့ဖခင်)က မင်းကြီးလျောက်တင်လိုက်လေသည်။
လက်ဝဲအမတ်ကြီးလိုပင်အခြားအမတ်တွေ ဝန်မင်းတွေကလဲ ထိုကိစ္စကိုထောက်ခံသူများပြားခဲ့သည်။"အခုဆိုရင်တြိဂါက မင်းသမီးလေးက မူဂန်ကိုလာနေပါပြီ မကြာခင်ရောက်လာတော့မှာပါ မင်းကြီးဘုရား ... "
"တိုင်းပြည်ရဲ့ အကျိုးစီးပွားအတွက်ငါကထပ်ပြီးတော့ မိဖုရားတစ်ယောက်လက်ခံရဦးမှာပေါ့ ...
အတင်းငြင်းဆန်ပြီး ပြန်လွှတ်လိုက်ရင်လဲ တစ်ဖက်နိုင်ငံကို မလေးစားရာ နှိမ်ရာရောက်လိမ့်ဦးမယ်... "
YOU ARE READING
အိမ်ရှေ့မင်းသားရဲ့ လမ်းပြကြယ်လေး(Normal)