(Part - 15)

1.8K 139 0
                                    

(U&Z)

"ကြယ်​လေး မင်းနဲ့ငါ ဒီ​နေ့ ဟိုတစ်​ခါ​တောကစားထွက်​တဲ့​နေရာကို သွားကြမယ်​..."

ထျန်​လျန်​က သူ့အိပ်​ယာ​ပေါ်တွင်​တစ်​စောင်းလှဲ​ကာ စာအုပ်​ဖတ်​နေရင်းနဲ့ ခပ်​လှမ်းလှမ်းမှာရှိ​နေသည့်​ကြယ်​လေးကို​ကြည့်ပြီး​ပြောလိုက်​လေသည်​။

"အဲ့ဒီ့ကို ဘာသွားလုပ်​မလို့လဲ မင်းသား ... "

"မင်းကို​တောင်​ထိပ်​ပေါ်က​နေကြည့်ရင်​မြင်​ရတဲ့ ရှုခင်းလှလှ​လေး​တွေ လိုက်​ပြချင်​လို့ ...
ပြီး​တော့ အဲ့ဒီ့​တောင်​ထိပ်​က​နေ​နေဝင်​ချိန်​ကို ပြချင်​တယ်​...
အရမ်းလှတယ်​မင်းကိုမြင်​စေချင်​လို့ ... "

"မင်းသား အရင်​က​ရောက်​ဖူးတယ်​ပေါ့ ဟုတ်​လား ...
ရှုခင်း​တွေ လှတာကို သိ​နေတယ်​ဆို​တော့ ... "

"ချန်း နယ်စပ်ကို မသွားခင်အချိန်ေ​လးတုန်းက​တစ်ခါ​ခေါ်သွားဖူးလို့​ရောက်​ဖူးတာ​လေ ...
အရမ်းသာယာတာပဲ အဲ့ဒီ့​နေရာ ... "

အင်​ချန်း နာမည်​ပါလာ​တော့ ကြယ်​လေးငြိမ်​သွား၏။
ဒါကို ထျန်​လျန်​ကလဲ သိပါသည်​။

"ကြယ်​လေး မ​နေ့က မင်းနဲ့အင်​ချန်း ဘာ​တွေ​ပြောဖြစ်​ကြ​သေးလဲ ... "

"မင်းသားအဲ့ဒါကို ဘယ်​လိုသိလဲ ...
မင်းသားအင်​ချန်း ကျွန်​တော့်​ဆီကိုလာသွားတာကို ... "

"ငါ့အ​ဆောင်​တော်​မှာ မင်းတို့​တွေ့ကြတာပဲ​လေ ...
ဒီနန်း​ဆောင်​မှာက ငါ့လူ​တွေကျန်​နေခဲ့တာပဲ အဲ့ဒီ့​တော့ ငါမသိပဲ​နေမလား ...
ငါပြန်​လာ​တော့ အ​စေခံ​တွေကို​မေးကြည့်​တယ်​ကြယ်​လေးဘယ်​သွား​သေးလဲလို့ ...
သူတို့က မင်းဘယ်​မှမသွား​ပေမယ့်​ချန်းက​တော့ မင်းနဲ့ဒီမှာလာ​တွေ့သွားတယ်​တဲ့ ...
နှစ်​ယောက်​သား နန်း​ဆောင်အ​နောက်ဘက်​မှာ စကားသွား​ပြော​နေကြတယ်​တဲ့ ...
သူတို့လဲ အနားသွားလို့မရလို့ ဘာ​တွေ​ပြော​နေကြတာမှန်း မသိဘူး​ပြောတယ်​...
ငါ့ကို​ပြောစမ်း မင်းနဲ့ အင်​ချန်း ဘာအ​ကြောင်း​တွေ​ပြောဖြစ်​ကြတာလဲဆိုတာ ... "

"ဘာမှမဟုတ်​ပါဘူး မင်းသား ...
ဟိုဟိုဒီဒီ အ​ကြောင်း​တွေ​လောက်​ပါပဲ ... "

အိမ်ရှေ့မင်းသားရဲ့ လမ်းပြကြယ်လေး(Normal)Where stories live. Discover now