(U&Z)
ထျန်လျန်က သူ့နန်းဆောင်က သူ့ရဲ့ကိုယ်ပိုင်စာကြည့်တိုက်ထဲတွင်စာဖတ်နေတာပဲဖြစ်၏။
စာကြည့်စားပွဲပေါ်မှာစာအုပ်ကိုဖွင့်လျက်သား ချထားပြီး လူကတော့ထိုင်ခုံ၌ ခပ်မတ်မတ်ထိုင်၍ စာဖတ်နေသူက ထျန်လျန်ပါ။
သူ့ရဲ့နံဘေး မလှမ်းမကမ်းမှာ ရှိနေသူက ကြယ်လေးပင်ဖြစ်သည်။ နန်းတွင်းအစေခံတွေကို အပြင်ထွက်ခိုင်းကာ ကြယ်လေးတစ်ယောက်ထဲကိုသာ အခန်းထဲခေါ်ထားခြင်းဖြစ်သည်။"ကြယ်လေး ဒီကိုလာဦး ... "
ထျန်လျန်ကလှမ်းခေါ်လိုက်တော့ ကြယ်လေးက ချက်ချင်းပင်အနားရောက်လာလေသည်။
"ဟိုမှာထိုင်... "
သူနဲ့မျက်နှာချင်းဆိုင်က ထိုင်ခုံကိုလက်နဲ့ညွှန်ပြ၍ ကြယ်လေးကို ထိုင်ခိုင်းနေသည်။
"မင်းသားနဲ့ ယှဉ်ပြီး အတူထိုင်ဖို့ မသင့်တော်ပါဘူးဘုရား ..... "
"ငါက ထိုင်ဆို ထိုင်ပေါ့ ...
မင်းကလေ သိပ်စကားများတာပဲ ...
ငါပြောသမျှကို ခွန်းတုန့်ပြန်ဖို့ပဲ စဉ်းစားနေတာလား ... "ဟိုနေ့ကသူမပြန်ခံပြောခဲ့မိသည့်ကိစ္စသည်ယခုတိုင်ထျန်လျန်ပြော၍ မပြီးသေးပါ။
စိတ်ဆိုးနေသေးလို့ပြောနေတာမျိုးတော့ မဖြစ်နိုင်။ စိတ်ဆိုးနေတယ်ဆိုရင်သူမကိုအခုလို သူ့အနားမှာ ပြန်နေခိုင်းမှာတဲ့လား ...။"မဟုတ်ပါဘူး ဘုရား ... "
"မဟုတ်ရင်ထိုင်... "
ကြယ်လေးက ထျန်လျန်ရှေ့တွင်ဝင်ထိုင်လိုက်လေသည်။ သူမထိုင်လိုက်ပြီးသည်နှင့် ထျန်လျန်က သူဖတ်နေသည့်စာအုပ်ကို ကြယ်လေးရှေ့သို့တွန်းပေးလိုက်ကာ ....
"ငါ့ကို ဒီစာတွေဖတ်ပြ .... "
အမှန်ဆို အိမ်ရှေ့စံကို စာဖတ်ပြရသည့်အလုပ်ကို လုပ်ရသည့်နန်းတွင်းအစေခံဟူသည်က သပ်သပ်ရှိ၏။ ကြယ်လေးကို ဒီစာေတွဖတ်ပြခိုင်းသည်ဆိုတာက ထျန်လျန်မှာ အကြောင်းရှိလို့ပင်ဖြစ်သည်။
ကြယ်လေးက သူခိုင်းသည်ကို မငြင်းဆန်ပဲ စာအုပ်ကိုကြည့်ကာ ဖတ်ပြလေသည်။
YOU ARE READING
အိမ်ရှေ့မင်းသားရဲ့ လမ်းပြကြယ်လေး(Normal)