(Part - 16)

1.8K 139 0
                                    

(U&Z)

ခုနှစ်​သက္ကရာဇ်​တွေက နှစ်နှစ်ေ​ကျာ်​ခန့်​ပင်​ကြာခဲ့ပါပြီ ...။
သူ့ရင်​ထဲမှာ အခုထိ​မေ့​ဖျောက်​လို့မရပဲ ရှိ​နေခဲ့တာကသူမ ...။
တိုင်း​ရေးပြည်​ရေးအမှုကိစ္စ​တွေနဲ့ မအားမလပ်​တဲ့ ကြားက​နေ​တောင်​သူဒီ​နေရာကို မကြာခဏ​ရောက်​လာခဲ့မိ၏။

ဤ​နေရာသည်​ထျန်​လျန်​အတွက်​အိမ်​မက်​ဆိုးတစ်​ခုလို သတ်​မှတ်​ချင်​ရင်​တောင်​သတ်​မှတ်​လို့မရနိုင်​တဲ့ ကိစ္စ​တွေဖြစ်​ခဲ့သည့်​နေရာ ...။
ရင်​ကွဲနာကျခဲ့ရသည့်​နေရာတစ်​ခု ...။

သူ​ရောက်​လာခဲ့သည့်​အချိန်​တိုင်းကလဲ ည​နေ​စောင်း​နေမဝင်​ခင်​အချိန်​လေး ...။
​သူဒီ​နေရာက​နေ ဗီယာမြို့နဲ့နန်း​တော်​ကြီးကို လှမ်း​ငေးကြည့်​ပြီး ရှု့ခင်း​တွေကို​ငေး​မောခဲ့ရသည်​။
သို့​သော်​အလှအပ​တွေကို ခံစား​နေခဲ့တာ​တော့မဟုတ်​သူ့အချစ်​ကို တမ်းတလွမ်း​မော​နေခဲ့တာပါ။

ဒီ​တောင်​ကြီး၏​ချောက်​ကမ်းပါးစွန်းက​နေ ကြယ်​လေးကို သူဆုံးရှုံးလိုက်​ရသည့်​နောက်​အချိန်​တွေကြာမြင့်​စွာ သူအရူးတစ်​ပိုင်းဖြစ်​ခဲ့ရသည်​။
ကိုယ်​ရံ​တော်​တစ်​ယောက်​ကို ဆုံးရှုးံလိုက်​ရလို့ သူဒီလိုဖြစ်​နေခဲ့တာကို တခြားလူ​တွေအမြင်​မှာ ထူးဆန်း​နေခဲ့​ပေမယ့်​ကိုယ့်​ကိုကိုယ်​သာ အသိဆုံးပါ။
ထိုကိုယ်​ရံ​တော်​ဟူသည်​က သူချစ်​ရသူမိန်းခ​လေး သူမ ...။

ဘယ်​သူမှ မသိနိုင်​တဲ့ သူ့ရင်​ထဲက အချစ်​တွေ အလွမ်း​တွေကို သိမ်းဆည်းရင်း အသက်​ဆက်​ရှင်​နေခဲ့ရ၏။
သူ့မှာ တိုင်းပြည်​နဲ့ ပြည်​သူ​တွေအတွက်​အသက်​ဆက်​ရှင်​သန်​ဖို့ ကြိုးစားခဲ့ရ​ပေမယ့်​သူ့အချစ်​ကို​တော့ ဘယ်​မေ့နိုင်​မှာလဲ ...။
သတိရတိုင်း သူမအမည်​ကို တမ်းတ​ရေရွတ်​မိသလို လွမ်းဆွတ်​မိတိုင်းလဲ ရင်​ထဲမှာတင်းကြပ်​လာခဲ့၏။
ဟိုး အရင်​က​လောက်​တော့ သူမျက်​ရည်​မလွယ်​တော့​ပေမယ့်​ဆို့နစ်​ကြေကွဲမှုက​တော့ မျက်​ရည်​မကျလာရုံမှ တစ်​ပါး ....။

"မင်းကြီး ...​နေဝင်​ချိန်​ပြီးပြီမို့ နန်း​တော်​ကိုပြန်​ကြပါစို့ ...
မကြာခင်​မှောင်​လာ​တော့မှာပါ ... "

အိမ်ရှေ့မင်းသားရဲ့ လမ်းပြကြယ်လေး(Normal)Where stories live. Discover now