(Part - 24)

2.2K 131 0
                                    

(U&Z)

အချိန်​ကား ညကိုးနာရီ​ကျော်​အချိန်​ဖြစ်​သည်​။
မူဂန်​နန်းတွင်းမှာ တာဝန်​ကျအ​စောင့်​ရဲမက်​တွေမှလွဲလျှင်​အခြားသူများက အနားယူအိပ်​စက်​နေ​သော အချိန်​ဖြစ်​၏။

ထိုအချိန်​မျိုးမှာ မအိပ်​စက်​နိုင်​သေးသူက မင်းကြီး ထျန်​လျန်​ပင်​ဖြစ်​သည်​။
မင်းကြီးထျန်​လျန်​ရဲ့ နန်း​ဆောင်​မှာ ရိုဒန်​နဲ့အတူ နှစ်​ယောက်​သား တစ်​စုံတစ်​ရာအတွက်​စောင့်​ဆိုင်း​နေကြ​လေ၏။

"ဒီည မင်းသားအင်​ချန်းတို့ လှုပ်​ရှားကြမှာ​သေချာတယ်​မင်းကြီး ...
ဒီညအ​စောပိုင်း​က မျက်နှာစိမ်း​နန်းတွင်း​ရဲမက်​တော်​တော်​များများကို နန်းေ​တ်ာထဲက​ဟိုဟိုဒီဒီ​နေရာ​တွေမှာ​ကျွန်​တော်​မြင်​မိထားတယ်​... "

အရင်ကဆိုလျှင်​ဒီလိုသတိထားမိဖို့က မဖြစ်​နိုင်​ပေမယ့်​မင်းကြီးမှာ အန္တရာယ်​ကျ​ရောက်​တော့မည်​ဟု ကြယ်​လေးဆီမှ ရိုဒန်​ကြားပြီးထဲက အမြဲလိုလို အရာအားလုံးကို သူသတိထားမိလာခဲ့ရသည်​။

"အင်​ချန်း ဘာလို့ ဒီ​လောက်​အလျင်​လိုသွားရတာလဲ ...
ကြယ်​လေး​ပြောပုံအရဆိုရင်​အင်​ချန်း အကြံအစည်​ရှိ​နေတာ သိပ်​မကြာ​သေးဘူးပဲ ... "

"ဟုတ်​တယ်​သူ့ဘာလို့ ဒီ​လောက်​မြန်​မြန်​ကြီး စီစဉ်​လိုက်​ရတာလဲ မသိဘူး ... "

မင်းကြီးထျန်​လျန်​နဲ့ ရိုဒန်​တို့ စိုးရိမ်​တကြီး​စောင့်​ဆိုင်း​နေကြသည်​က ထိုကိစ္စပင်​ဖြစ်​သည်​။
ဒီည​အ​စောပိုင်း​ကျမှ အင်​ချန်းရဲ့ ရုတ်​တရက်​အစီအစဉ်​တွေကို ရိပ်​မိလိုက်​တာမို့ နန်းတွင်းအပြင်​စစ်​တပ်​က ရိုဒန်​ရဲ့ဖခင်​စစ်​သူကြီးနဲ့ အခြားစစ်​သူကြီးများထံသို့ လူလွှတ်​ပြီး အ​ကြောင်းကြားစာ သွားပို့ခိုင်းလိုက်​ရသည်​။
နန်းတွင်းအပြင်​စစ်​တပ်​နဲ့ နန်း​တော်​နဲ့က​ခရီးဝေးကွာ​သော​ကြောင့်​ဒီည​လောက်​မှ​ရောက်​လာပါလိမ့်​မည်​။
ခရီးအပြင်းနှင်​လာခဲ့ရင်​တောင်​အင်​ချန်းတို့ ပုန်​ကန်​ခြင်းမစတင်​ခင်​မှာ အမှီ​ရောက်​လာနိုင်​ပါ့မလားဆိုတာက​တော့ မသိနိုင်​ပေ။

အိမ်ရှေ့မင်းသားရဲ့ လမ်းပြကြယ်လေး(Normal)Where stories live. Discover now