(Part - 5)

2.6K 186 1
                                    

(U&Z)

"​ပြောပြလိုက်​တာ မှားသွားပြီ ထျန်​လေးရယ်​.....
အခုငါသွားမယ့်​နေရာက မင်းလိုက်​လို့ရတဲ့​နေရာမဟုတ်​ဘူး ..... "

စန်းယူက သူဒီ​နေ့​သစ်​တောထဲသွားပြီး အမဲလိုက်​မည့်​ကိစ္စကို ထျန်​လျန်အား​ပြောပြလိုက်​မိပြီးမှ​မှားမှန်းသိ​တော့၏။
ထျန်​လျန်​က သူပါလိုက်​ချင်​သည်​ဟု အတင်းနားပူနားဆာ လုပ်​နေ​လေသည်​။

"ဘာလို့လိုက်​လို့မရ,ရမှာလဲ အစ်​ကို​တော်​ရာ ....
အရင်​ကလဲ ခမည်း​တော်​နဲ့ အစ်​ကို​တော်​တွေနဲ့အတူတူ​တောကစားထွက်​ခဲ့ကြဖူးတာပဲ ..... "

"အဲ့ဒါက ခမည်း​တော်​နဲ့အတူတူသွားရတာ​လေ ပြီး​တော့ နန်း​တော်​ကရဲမက်​အဖွဲ့လဲ ပါ​သေးတယ်​.....
အခုကကျ​တော့ ခမည်း​တော်​တို့ မယ်​တော်​တို့ မသိ​အောင်​သွားကြမှာဆို​တော့ နန်း​တော်​က အ​စောင့်​အ​ရှောက်​ရဲမက်​တွေကို​ခေါ်သွားလို့မရဘူး ....
အဲ့​တော့ ထျန်​လေးလဲ လိုက်​လို့မရဘူး ....
အ​စောင့်​အ​ရှောက်​ရဲမက်​တွေ မပါပဲနဲ့ နန်း​တော်ပြင်​ပမှာ မင်းသာ တစ်​စုံတစ်​ခုဖြစ်​သွားရင်​အစ်​ကို​တော်​အရင်​ဆုံး ပြစ်​ဒဏ်​သင့်​လိမ့်​မယ်​မဖြစ်​ဘူး လိုက်​လို့မရဘူး မလိုက်​နဲ့ ..... "

"ဘာမှမဖြစ်​ပါဘူး အစ်​ကို​တော်​ရယ်​....
နန်းတွင်းရဲမက်​တွေ မပါ​ပေမယ့်​ကိုယ်​ရံ​တော်​တွေ​တော့ ပါမှာပဲ​လေ ....
ပြီး​တော့ ကျွန်​တော့်​ကိုယ်​ရံ​တော်​က အရမ်း​တော်​တယ်​သူကျွန်​တော့်​ကို​ကောင်း​ကောင်း​စောင့်​ရှောက်​ပေးလိမ့်​မယ်​..... "

ထျန်​လျန်​က သူ့ရဲ့အ​နောက်​တော်​ပါးတွင်​ရှိ​နေသည့်​ကြယ်​လေးကိုကြည့်​၍ စန်းယူကို​ပြော​နေ​လေသည်​။
ကြယ်​လေးကလဲ မလှမ်းမကမ်း​နေရာမှာ ရှိ​နေတာမို့ သူမလဲကြားပါ၏။

"မင်းရဲ့​မယ်​တော်​မိဖုရား​ခေါင်​ကြီးသာသိရင်​ပြသနာ​တွေတက်​ကုန်​လိမ့်​မယ်​နော်​ထျန်​လေး .....
မလိုက်​ပါနဲ့ကွာ .... "

စန်းယူက ငါး​ယောက်​မြောက်​မိဖုရား၏ သား​တော်​ဖြစ်​သည်​။ ဖခမည်း​တော်​မင်းကြီးရဲ့ မင်းသား​တော်​တွေဆို​ပေမယ့်​လဲ အခွင့်​အ​ရေးခြင်းကမတူညီပါ။
တခြားမိဖုရား​တွေနဲ့ သား​တော်​တွေအများကြီးရှိ​ပေမယ့်​မိဖုရား​ခေါင်​ကြီးနဲ့ ထျန်​လေး​လောက်​အချစ်​ခံအလိုလိုက်​ခံရတာ မဟုတ်​ပေ။

အိမ်ရှေ့မင်းသားရဲ့ လမ်းပြကြယ်လေး(Normal)Where stories live. Discover now