(Part - 12)

1.8K 152 0
                                    

(U&Z)

ဒီ​နေ့က ကြယ်​လေး၏ မွေးမိခင်​မယ်​မယ်​ဖုရားရဲ့ ကွယ်​လွန်​ခြင်း ကိုးနှစ်​ပြည့်​နှစ်​ပတ်​လည်​နေ့ဖြစ်​သည်​။
ထို့​ကြောင့်​အိမ်​ရှေ့စံကို​ပြောပြပြီး​ခွင့်​ရက်​တစ်​ရက်​ယူကာ ကြယ်​လေးအိမ်​ပြန်​လာခဲ့​လေသည်​။

မယ်​မယ်​ဖုရားရဲ့ နှစ်​ပတ်​လည်​နေ့မို့ ကြယ်​လေးတစ်​ယောက်​ထဲ သင်္ချိုင်းအုတ်​ဂူသို့ သွား​ရောက်​ဂါဝရပြု​လေ၏။
သူမဂါဝရပြု ပြီးချိန်​၌ သူမအနားသို့ တစ်​စုံတစ်​ယောက်​ရောက်​လာခဲ့သည်​။
ထိုတစ်​စုံတစ်​ယောက်​သည်​....

"အစ်​ကို​တော်​... "

တြိဂါနိုင်​ငံ၏ တစ်​ချိန်​ကအိမ်​ရှေ့စံ အခုလက်​ရှိမှာ​တော့ မင်းကြီးဖြစ်​သူ သူမထက်​ခုနှစ်​နှစ်​ခန့်​ကြီး​သော အစ်​ကို​တော်​ဝမ်းကွဲ ဘန်​မူ ပင်​ဖြစ်​၏။
မ​တွေ့ဖြစ်​တော့တာနှစ်​တွေ ကြာ​ညောင်းခဲ့ပြီဆို​ပေမယ့်​သူမမှတ်​မိ​နေပါ​သေးသည်​။
အစ်​ကို​တော်​ဘန်​မူသည်​ဒီအရွယ်​ဒီပုံစံအတိုင်းပါပဲ အနည်းငယ်​ရင့်​ကျက်​တည်​ငြိမ်​သွားသည်​က လွဲ၍​ပေါ့ ...။
ဟိုအရင်​ကဆိုလျှင်​အစ်​ကို​တော်​က သူမကို ချီပိုးပြီး​အတူဆော့ကစားခဲ့ကြဖူးသည်​မဟုတ်​ပါလား ...။

"မင်းကြီး ... "

ကြယ်​လေးက ရုတ်​တရက်​အံသြသွားပြီး အစ်​ကို​တော်​ဟု​ခေါ်မိလိုက်​ရာမှ မင်းကြီးဟု​ပြောင်းလဲ​ခေါ်လိုက်​သည်​။
ပြီး​နောက်​တစ်​ဆက်​တည်းမှာပင်​အရိုအ​သေဂါဝရပြုလိုက်​၏။

"ညီမ​တော်​... "

ဘန်​မူကလဲ ညီမဖြစ်​သူကို​မြင်​တော့ ဝမ်းသာစွာ​ပွေ့ဖက်​နှုတ်​ဆက်​လိုက်​ပြီး​နောက်​...

"ညီမ​တော်​ရယ်​... အကြာကြီး​နေမှ ပြန်​တွေ့ရတာ အစ်​ကို​တော်​ဖြင့်​ဝမ်းသာလိုက်​တာ ... "

"ရှင်​ဆူးလဲ မင်းကြီး​နဲ့ ဒီလို ပြန်​တွေ့ရတာ အရမ်းဝမ်းသာမိပါတယ်​...
ဒါနဲ့ မင်းကြီးက ဒီ​နေရာကို ဘာလို့​ရောက်​လာရတာလဲ ... "

တကယ်​က အရင်​လ​တွေထဲက တြိဂါနိုင်​ငံက​နေ သူမအစ်​ကို​တော်မင်းကြီးရဲ့ လူတစ်​ချို့က ကြယ်ေ​လးရဲ့​မွေးစားမိခင်ပူဝါထံသို့​ရောက်​လာခဲ့ကြပါသည်​။
အ​မေပူဝါက သူမထံသို့ စာလွှာ​ပေးပို့ပြီး အ​ကြောင်းကြားခဲ့​ပေမယ့်​သူမရဲ့ပြန်​စာက​တော့ တြိဂါကိုလုံးဝမပြန်​ဘူးဟုသာ ...။
အခု​တော့ မင်းကြီးရဲ့လူ​တွေတင်​မဟုတ်​ပဲ မင်းကြီးကိုယ်​တိုင်​သူမဆီသို့​ရောက်​လာခဲ့​ပါပြီ​လေ ...။
မရည်​ရွယ်​ပေမယ့်​ဖြစ်​သွားရသည်​။

အိမ်ရှေ့မင်းသားရဲ့ လမ်းပြကြယ်လေး(Normal)Where stories live. Discover now