(U&Z)
"ထျန်လေး ကြယ်လေးရော ကြယ်လေးဘယ်သွားလဲ ... "
စန်းယူက ထျန်လျန်နန်းဆောင်ကဥယျာဉ်ေတ်ာထဲသို့ရောက်ချလာပြီး ကြယ်လေးကိုမေးနေ၏။
စန်းယူပုံစံကလဲ အားတက်သရောနှင့်ပါ။
ပြီးတော့စန်းယူနဲ့အတူ အင်ချန်းလဲပါလာခဲ့သည်။ ထိုနှစ်ယောက်က ထျန်လျန်ထိုင်နေသည့်စားပွဲဝိုင်းမှာပင်ဝင်ထိုင်လိုက်ကြ၏။"ကျွန်တော်ခိုင်းလိုက်လို့နန်းတော်မြောက်ဘက်ကိုသွားနေတယ်အစ်ကိုတော်စန်းယူက ဘာလုပ်မလို့ သူ့ကိုမေးနေတာလဲ ... "
"အိုလင်းဆီကို စာသွားပို့ခိုင်းမလို့ ... "
စန်းယူနဲ့ အိုလင်းတို့ လွန်ခဲ့တဲ့ဆယ်ရက်ကျော်လောက်က နှစ်ယောက်သားဆုံတွေ့ခဲ့ပြီးနောက်ခင်မင်သွားခဲ့ကြသည်။
ပြီးတော့ ကြယ်လေးနဲ့အိုလင်းတို့ ရင်းနှီးကြမှန်းကိုလဲ စန်းယူသိသွားရ၏။
အဲ့ဒီ့နောက်ပိုင်းမှာတော့ အပြင်မှာမတွေ့ရတဲ့အချိန်တိုင်းမှာ ကြယ်လေးကနေတစ်ဆင့်နှစ်ယောက်သား အပြန်အလှန်စာလွှာပေးပို့ခဲ့ကြ၏။"ကြယ်လေးက အစ်ကိုတော်စန်းယူရဲ့လူမှ မဟုတ်တာ ကျွန်တော့်လူလေ ...
ဘာလို့ အစ်ကိုတော့်ကိစ္စတွေကို သူ့ကိုလာလာခိုင်းနေရတာလဲ ... "ထျန်လျန်ကစိတ်တိုဒေါသထွက်လို့ပြောတာမဟုတ်ပေမယ့်တကယ်ပဲမကြိုက်တာတော့ အမှန်ပါပဲ ...။
ကိုယ့်မှာတော့ ကြယ်လေး သူ့အနားကနေ ခဏလေးထွက်သွားရင်တောင်မနေတတ်လို့ ဘယ်မှမခိုင်းခဲ့ပေ။
မဖြစ်မနေကိစ္စတွေရှိမှသာ သူလွှတ်လိုက်ရတာပါ။ အဲ့ဒါကလဲ အချိန်ခဏလောက်ပဲကြာမည့်နေရာကိုပဲဖြစ်သည်။"ဟုတ်ပါတယ်ကြယ်လေးက မင်းလူပါ ...
ဒါပေမယ့်သူကြားကနေ ဝင်ပါပေးမှ ငါတို့ပို့တဲ့စာတွေက သက်ဆိုင်သူလက်ထဲကိုရောက်တာ ... ""ဟုတ်ပါတယ်ထျန်လေးရာ ငါတို့အစ်ကိုတော်စန်းယူက အဲ့ဒီ့လက်ဝဲအမတ်ကြီးရဲ့သမီးကို အတော်လေး သဘောကျနေတာ ...
သူ့မှာတော်တော်လေးစွဲလမ်းနေလို့သာ မဖြစ်မေန သူများတွေကိုအကူအညီတောင်းနေရတာပါကွာ ... "
YOU ARE READING
အိမ်ရှေ့မင်းသားရဲ့ လမ်းပြကြယ်လေး(Normal)