Chapter-1

3.4K 208 2
                                    

[Unicode]

__cardiganအညိုလေး​တွေ့​တော့ သတိရမိပါတယ် အမြဲဝတ်တတ်တဲ့​ အမှတ်တရ​တွေထဲကပုံရိပ်​​လေးကို..
အခု​တော့ မဆိုင်​တော့​ပေမယ့် ..

"မင်း! မဟုတ်ဘူးလို့ဘယ်နှခါ​ပြောရမလဲ! ​တော်​တော့ ​အကိုဆူဘင်း!!"

ခွမ်း!!

သူပစ်​ပေါက်လိုက်ခဲ့မိတယ် ကျလာတဲ့​သွေးစက်​တွေက ချစ်ရသူရဲ့​​မျှော်လင့်ချက်​တွေလိုပဲ ခပ်ရဲရဲ..
ကိုယ့်အ​ပေါ်ထားတဲ့အချစ်တစ်ချို့လဲ ​မြေ​ပေါ်ကျလာတဲ့​အဲ့ဒီသွေးစက်​တွေထဲပါကုန်မယ်ထင်တယ်...

အဲ့ဒီ​နေ့ကစပြီး ​အကိုဆူဘင်းနဲ့မ​တွေ့ဖြစ်​တော့ဘူး
သူကလဲအတွေ့မခံသလို ကိုယ့်ဘက်ကလဲမ​တွေ့ချင်ခဲ့ဘူး အဲ့လိုနဲ့​နေလာတာ ၃နှစ်ပြည့်​တော့မယ် ​မေ့သွားလားဆို​တော့မ​မေ့နိုင်ပါဘူး...သ​ဘောထားချင်းမှမတိုက်ဆိုင်တာ ဘယ်လို​ရှေ့ဆက်မလဲ..

"မန်​နေဂျာ ဒီစာရင်း​လေး တစ်ချက်​လောက်ကြည့်​ပေးပါခင်ဗျ"

​နေ့တိုင်းအလုပ်ရှုပ်​နေရတဲ့အ​ကြောင်းအရင်းဖြစ်တဲ့ ဆိုင်ခွဲတစ်ခုထပ်ဖွင့်ဖို့အတွက် ဒီ​နေ့လည်းညလုံး​ပေါက်​တော့မယ်ထင်တယ်..

"အင်း ထားခဲ့ထားခဲ့"

"မန်​နေဂျာ မနက်ဖြန်၉နာရီခွဲ အ​ဆောက်အဦးကိစ္စအတွက် အစည်းအ​ဝေးရှိပါတယ်​နော်"

"အင်း ဟုတ်ပြီ"

အလုပ်အကုန်ပြီးစီး​ချိန် နာရီကိုကြည့်လိုက်​တော့ ၄နာရီ​တောင်ရှိ​နေပြီမို့ အိမ်မပြန်​တော့ပဲ ​လျော့ရဲရဲဖြစ်​နေတဲ့နက်ကတိုင်ကိုဖျည်ပြီး ထိုင်ခုံကိုနောက်လှန်ကာ မျက်လုံးအတင်းမှိတ် အိပ်လိုက်တယ်..

__မနက်နိုးလာ​တော့၆နာရီ
၂နာရီ​လောက်အိပ်လိုက်ရတာအားမပြည့်ဘူးဆို​ပေမယ့် ဒါဒီတပတ်ရဲ့အကြာဆုံးအိပ်ချိန်ပဲ..​ရေချိုးဖို့အိမ်ကိုခဏပြန်​တော့ လမ်းမှာ​တွေ့တဲ့ ​ဆန်မုန့်ကို​တကူးတကဝယ်လာလိုက်​မိသေးတယ် စားမဲ့လူမရှိတာကို​တော့အိမ်​ရောက်မှသတိထားမိတယ် အလုပ်များလွန်းလို့ ကြောင်​တောင်​တောင်ဖြစ်​နေပြီလို့​တောင် ကိုယ့်ဘာသာကိုယ်​တွေးမိပါ​သေးတယ်..

다시 《Again》Where stories live. Discover now