[Unicode]
《Our Start Line_》
🌧🌧
မိုးရွာတာကိုမကြိုက်ဘူး..ရာသီဥတုအုံ့မှိုင်းနေရင် စိတ်ကပါအလိုလိုလေးတတ်တာမို့ ဖြစ်နိုင်ရင်မိုးရာသီကိုဖျောက်ပစ်လိုက်ချင်တဲ့အထိပဲ..
ဒါပေမယ့် အဲ့ဒီနေ့နောက်ပိုင်းမှာတော့ မိုးရွာတာကို သဘောကျလာမိတယ်.."အလျင်လိုနေတဲ့ပုံပဲ ဒီထီးယူသွားလိုက်ပါလား"
ထီးတစ်လက်ကိုကမ်းပေးပြီး ခပ်တိုးတိုးပြောတဲ့အသံက အခုထိအာရုံထဲမှာစွဲနေတုန်း..
"ကျွန်တော်က သူငယ်ချင်းကိုစောင့်နေတာ သူလဲထီးပါလာလိမ့်မယ်ဆိုတော့ ဒီထီး..ယူချင်ယူသွားလိုက်ပါလား"
မျက်လုံးထဲကမထွက်ဘူး..ကြင်နာတတ်တဲ့လူတွေအများကြီးနဲ့ တွေ့ဖူးဆုံဖူးပေမယ့် ဘာလို့ရှေ့ကကောင်လေးရဲ့ကြင်နာမှုက သူ့ကိုရင်ခုန်စေရတာလဲ..
သူကြောင်ကြည့်နေမိလို့ထင်တယ်..သူ့မျက်နှာရှေ့ကို လက်နဲ့ယမ်းပြတယ်.."ဒီမှာ..ယူမှာလား မယူဘူးလား"
မြင်မြင်ချင်းအချစ်ဆိုတာမျိုးကိုအယုံအကြည်မရှိတဲ့သူ မိုးကိုမချစ်တဲ့သူက ပထမဆုံးအကြိမ် အချစ်ကိုယုံခဲ့သလို မိုးစက်တွေကိုလဲသဘောကျခဲ့တယ်..
"အကို မိုးရွာတာကိုသဘောကျတာလား.."
အိမ်ရှေ့တံခါးဝမှာ မိုးရွာတာကိုထိုင်ကြည့်နေတဲ့ဟျူနင်းက ဘေးမှာထိုင်နေတဲ့ဆူဘင်းကိုမေးတယ်..
မျက်လုံးမှိတ်ထားပြီး ခေါင်မိုးစက်ကစီးလာတဲ့မိုးရေတွေကလက်ဖဝါးပေါ် တတောက်တောက်ကျနေတဲ့အရသာကို ခံစားနေတဲ့ ဆူဘင်းကပြန်မဖြေဘဲ ပြုံးပဲပြုံးတယ်..
"အကိုဆူဘင်း..ဘာတွေစဥ်းစားနေတာလဲ"
ဆူဘင်းမျက်လုံးကိုပြန်ဖွင့်လိုက်တယ်..သူ့ဘေးက ကမ္ဘာပေါ်မှာအကြင်နာတတ်ဆုံးလူသားကိုမြင်နိုင်ဖို့..
"မင်းကိုပဲသဘောကျတယ်..
မင်းအကြောင်းစဥ်းစားနေတာ"ရုတ်တရက်ကြီးရင်ခုန်စရာစကားတွေပြောလိုက်တဲ့
ဆူဘင်းရဲ့ ပါးနှစ်ဘက်ကိုအုပ်ကိုင်ပြီး ဘယ်ဘက်ပါးမို့မို့ပေါ်က အစဥ်လိုက်ဖြစ်နေတဲ့ မှဲ့နက်နက်လေးနှစ်စက်ကို ဟျူနင်း နမ်းရှုံ့လိုက်တယ်..
မျက်လုံးနဲ့ နှာတံကြားကမှဲ့ကိုတော့ လက်ညိုးထိပ်လေးနဲ့ပဲ ခပ်ဖွဖွပွတ်လိုက်တယ်..
![](https://img.wattpad.com/cover/232535525-288-k340063.jpg)
YOU ARE READING
다시 《Again》
Fanfiction"우리가 다시 사랑에 빠지면.." "What if we fall in love again.." #Soobin #HueningKai