Chapter-3

1K 161 9
                                    

[Unicode]

"ဟျူနင်းခါအီ..! မင်းမလား"

"အာ..​အကိုဘောမ်ဂယူ!"

အလုပ်ပြီးတာနဲ့ အိမ်တန်းမပြန်ပဲ ဘားတစ်ခုကို​ရောက်​နေတုန်း​နောက်က​နေ​ခေါ်သံကြားတာမို့လှည့်ကြည့်မိ​တော့ အကို​ဘောမ်ဂယူဖြစ်​နေတယ်..

"မင်း...အကိုဆူဘင်းနဲ့ အဆင်​ပြေရဲ့လား အကိုဆူဘင်းကမင်းတို့ကုမ္ပဏီဆိုင်ခွဲသစ်အတွက်တာဝန်ယူထားတဲ့ အင်ဂျင်နီယာဆို.."

အတူတူထိုင်​သောက်​​နေတုန်း အကို​က မရဲတရဲစကားစလာတယ်..

"အဟက်"

လည်​ချောင်းထဲဝင်သွားတာကခပ်​အေး​အေးအရည်​တွေ​ပေမယ့် နှလုံးသားထဲမှာ​တော့ပူ​လောင်​နေတုန်းပဲ..

"သူမင်းကို မှတ်မိလား"

အကို​ဘောမ်ဂယူကတကယ်ကိုမျက်နှာရိပ်မျက်နှာကမသိတာပဲ...အခုငါ့ရုပ်ကသူ့အ​ကြောင်း​ဖြေချင်​နေမယ့်ရုပ်လား..

"မသိဘူးဗျာ သူ့အ​ကြောင်းလာမ​မေးနဲ့"

"ဟျူနင်း မင်းသိလား"

​ဘောမ်ဂယူက သူ့လက်ထဲကခွက်အလွတ်ကိုရီ​ဝေ​ဝေ ကြည့်ရင်း​ပြောတယ်

"သူမင်းကိုမမှတ်မိ​တော့ဘူး ဟျူနင်း..သူ့မှတ်ဥာဏ်ထဲမှာ မင်းဆိုတာမရှိ​တော့ဘူး..."

"..."

"လွန်ခဲ့တဲ့ ၂နှစ်က အကိုဆူဘင်းအက်ဆီးဒန့်တစ်ခု​ကြောင့် ကိုမာဝင်သွားတယ် ဆရာဝန်က ကိုမာ​ကြောင့် ကြာရှည်မှတ်ဥာဏ်​ပျောက်တာမျိုးရှိနိုင်တယ်​ပြောလို့စိုးရိမ်​နေခဲ့ကြ​ပေမယ့် ကံ​ကောင်းချင်​တော့ ၆လနဲ့တင်ဆူဘင်းကအနိုင်ယူနိုင်ခဲ့တယ် နိုးလာ​တော့လဲ ငါတို့အကုန်လုံးကိုမှတ်မိတယ်..သူအချစ်ဆုံး..မင်းကို​တော့ မမှတ်မိ​တော့ဘူး ဟျူနင်းခါအီက ဘယ်သူလဲတဲ့
အံ့သြစရာမ​ကောင်းဘူးလား အရမ်းချစ်ကြတဲ့မင်းတို့ကဒီလိုအဆုံးသတ်ရမယ်ဆိုတာ.."

စကား​လုံးတစ်လုံးချင်းဆီက ဟျူနင်းရဲ့နှလုံးသားကို ​ရေနစ်​နေသလိုနစ်မွန်း​​စေတယ်..ဒီ​​နေရာမှာဆက်​နေဖို့ရာ အသက်မရှူနိုင်​တော့သလိုခံစားရ​လို့ ​ပြေးထွက်လိုက်ချင်​ပေမယ့်လဲ ခြေ​ထောက်​တွေကယိုင်ထိုး​နေတယ်..

다시 《Again》Where stories live. Discover now