[Unicode]
A/N_ဒီအပိုင်းလေးကိုသေချာခံစားရဖို့အတွက် "BTS RM"ရဲ့ Loveဆိုတဲ့ သီချင်းလေးကိုနားထောင်ရင်းဖတ်ပေးပါနော်♡♡သီချင်းကလိုက်မှီအောင်ဖြေးဖြေးဖတ်ပေးကြ! ဆာရာငယ်ယို >3<
_ကားပေါ်မှာတစ်ယောက်တည်း ငူငူငိုင်ငိုင်ထိုင်နေမိတယ် အရှေ့ကိုကြည့်နေပေမယ့် ရောက်နေတာကဘယ်နေရာမှန်းမသိသလို ကိုယ်ကိုယ်တိုင်ကလဲဘယ်သူမှန်းမသိတော့ဘူး..လက်ထဲကတုန်ခါနေတဲ့ဖုန်းကိုလဲအလေးမထားနိုင်သလို ဝင်နေတဲ့စာတွေကိုလဲအရေးမလုပ်နိုင်တော့ဘူး..
အခုစိတ်ထဲမှာတွေးနေမိတာက ဆူဘင်းအကြောင်းပဲ..
အဲ့ဒါကြောင့်..ငါ့လက်ဓါးရှသွားတာမို့လို့ အိမ်သာထဲမှာငိုနေတာလား..သတိရမိတော့ နှလုံးသားကြီးကနာကျင်ရပြန်တယ်..
အစကပြန်စကြမလား..အဲ့လိုပြေးမေးချင်လိုက်တယ် အဖြေမရှိမှာကိုလဲကြောက်မိတယ်..သတ္တိမရှိတာကိုယ်ဆိုပေမယ့် သူ့ကိုလဲနောက်တခေါက်မနာကျင်စေချင်ဘူး.."ဆူဘင်း..သတိရတယ်..ပြီးတော့ အရာရာတိုင်းအတွက်တောင်းပန်ပါတယ်..တွေ့ချင်တယ် ဖက်ထားချင်တယ်..ဘယ်လောက်လွမ်းနေရကြောင်းပြောပြမယ်"
လွန်ခဲ့တဲ့နှစ်တွေက အဲ့လိုသာပြောခဲ့မိရင် အခုလို ပြဇာတ်ဆန်တဲ့အခြေအနေကနေရုန်းထွက်နိုင်မယ်ထင်တယ်..
~အခုဖွင့်ပြမှာကတော့ "BTS"အဖွဲ့ရဲ့ အဖွဲ့ဝင် "RM"ရဲ့ "Love" ဆိုတဲ့သီချင်းလေးဖြစ်ပါတယ်~
အချစ်သီချင်းလေးများနားထောင်လိုက်ရင် တိုးဝင်လိုက်ဖို့ရာ သတ္တိတွေရှိလာမယ်ထင်တာမို့ မျက်လုံးမှိတ်ပြီးနားထောင်နေလိုက်တယ်..
🎵...မင်းကငါ့ရဲ့ မှတ်ဥာဏ်တွေကို အမှတ်တရအဖြစ်ပြောင်းလဲပေးတဲ့လူသား..
လူသား(saram)ကနေ အချစ်(sarang)ဆီကိုပြောင်းလဲပေးတဲ့လူသား..
မင်းနဲ့မသိခင်က..ငါရဲ့နှလုံးသားက လုံးဝကိုမျဥ်းဖြောင့်အတိုင်းပဲမို့..🎵"ဟျူနင်း..ဒါကိုစားကြည့် အကိုမနက်ကမှလုပ်ထားတဲ့ cupcake..ဟျူနင်းကြိုက်တယ်မလား"
"အများကြီးပဲ အကိုဆူဘင်း.."
"မင်းကျောင်းကိုပါယူသွားပြီး သူငယ်ချင်းတွေကိုပါကျွေးလိုက်လေ"
YOU ARE READING
다시 《Again》
Fanfiction"우리가 다시 사랑에 빠지면.." "What if we fall in love again.." #Soobin #HueningKai