Chapter-8

708 126 14
                                    

[Unicode]

"This is what you called Marseille~~"

လျှာလိပ်သံနဲ့​ဘောမ်ဂယူက​အော်​ပြောလိုက်​တော့ ထယ်ဟွန်းကတံ​တောင်နဲ့တွန်းတယ်..

"အကို..ရှက်စရာကြီး.​.​ လေဆိပ်မှာဘာ​တွေ​အော်​နေတာလဲ"

"Repeat after me..Marseille..marseille"

"​တော်​တော့..သွားမယ်"

ထယ်ဟွန်းနဲ့​ဘောမ်ဂယူ မာဆဲရိကို​ရောက်တာနဲ့ပထမဆုံးသွားတဲ့​နေရာကထယ်ဟွန်းတို့ရဲ့တိုက်ခန်းပါ..
တိုက်ခန်းကို​ရောက်​ဖို့ ဓါတ်​လှေကားစီး​နေတုန်း ​​ဘောမ်ဂယူက ပြောတယ်..

"​ဟေ့ မင်းတိုက်ခန်းက​ကောင်းလှချည်လား"

"ဟျူခါရှိ​နေမယ်ထင်တယ်.."

"ဘာ..ဟျူနင်းကဘာလို့မင်းအိမ်မှာလဲ.."

ထယ်ဟွန်း လျှို့ဝှက်နံပါတ်ကိုဖွင့်ပြီး ဝင်လိုက်တာနဲ့ ဟူဒီအပြာ​ရောင်ဝမ်းဆက်ဝတ်ထားတဲ့ကပြား​ကောင်​လေးက​စောင့်ကြို​နေတယ်..

"ဟျူခါ!!"

"ဂန်ထယ်ဟွန်း! ​ရောက်လာပြီလား"

ထယ်ဟွန်းနဲ့အချင်းချင်းဖက်​ပြီး​တော့မှ ဟျူနင်းက ​နောက်မှာကုတ်ကုတ်​လေးမတ်တပ်ရပ်​နေတဲ့ ခရီး​ဆောင်အိတ်နဲ့​ဘောမ်ဂယူကို​တွေ့တယ်..

"အင်..​အကိုဘောမ်ဂယူ!"
___
"အဲ့​တော့ ဟျူနင်းက လတ်တ​လောမင်းအိမ်မှာ​နေမှာ​ပေါ့"

"ဘာလဲ..အကိုကကျွန်​တော်နဲ့မ​နေချင်ဘူးလား"

ဟျူနင်းကမဲ့ရွဲ့ပြီး​ဘောမ်ဂယူကို​ပြောတယ် လက်ထဲမှာလဲပီဇာတစ်စိပ်နဲ့..

"အဲ့လို​တော့လဲ မဟုတ်ပါဘူး...ဒါဆို ငါအကိုဆူဘင်းဆီသွား​နေမယ်!"

"အကိုဆူဘင်းကဘယ်လိုလုပ်အကို့ကိုထိန်းနိုင်မှာလဲ"

ထယ်ဟွန်းက ကွန်ပျူတာကိုအကြည့်မပျက်ပဲပြောတယ်..

"ဘာ! ငါက က​လေးလား သူများကထိန်း​ပေးရ​အောင်!"

ထယ်ဟွန်းကမသိဘူး​လေဆိုတဲ့မျက်နှာ​ပေးလုပ်ပြ​တော့ ​ဘော်မ်ဂယူကမျက်​စောင်းထိုးတယ်..အခွင့်အ​ရေးကိုအလွတ်မခံနိုင်တဲ့ဟျူနင်းကလဲ ကြားဖြတ်​ပြော​သေးတယ်..

다시 《Again》Where stories live. Discover now