Chapter-10

573 109 10
                                    

[Unicode]

တဖြည်းဖြည်း​အေးစိမ့်လာတဲ့ခန္ဓါကိုယ်နဲ့ထုံကျဥ်လာတဲ့​ခြေ​ထောက်​တွေ​ကြောင့် ဆူဘင်းနိုးလာတယ်..အိပ်ယာ​ပေါ်မှာ​တော့မဟုတ်ဘူး..ဟျူနင်းအိပ်​နေတဲ့ဆိုဖာကိုမှီရင်း..
ဟျူနင်းနှဖူးကိုစမ်းကြည့်​​​တော့လဲ အဖျားကမကျ​သေးပဲပူ​နေတုန်းပဲ..
ဗိုက်နားထိရောက်​နေတဲ့ ​စောင်ကိုပြန်ခြုံပေးပြီး ထမယ်လုပ်​တော့မှ ​ကျော​ပေါ်က​နေ ​စောင်​လေးတစ်ထည်ပြုတ်ကျလာတယ်..

"​ဘောမ်ဂယူခြုံ​ပေးသွားတာများလား.."
______
နိုးလာတာနဲ့ တဆစ်ဆစ်ကိုက်​နေတဲ့​ခေါင်းကိုလျစ်လျူရှုပြီး ​ဘေးဘီကိုကြည့်​တော့ ဘယ်သူမှမရှိ..

"အကိုဆူဘင်း.."

​ကံ​ကောင်းချင်​တော့ ခေါ်တာကတစ်​ယောက်..ထွက်လာ​တော့တစ်​ယောက်..

"ဟျူနင်း..နိုးပြီလား..မှန်းစမ်း အပူကျသွား​လောက်ပြီလား"

​ဘောမ်ဂယူက သူ့လက်က​​ရေ​တွေကို​ဘောင်းဘီနဲ့ပွတ်သုတ်ပြီး ဟျူနင်းနှဖူးကိုစမ်းတယ်..

"ပူ​နေတုန်းပဲ.."

"ဟျူနင်းခါအီ..လာ မျက်နှာသစ်မယ်"
​ဆူဘင်းက​ဘောမ်ဂယူကို​ကျော်ပြီး ဟျူနင်းလက်ကိုဆွဲကာ ရေချိုးခန်းထဲ​ခေါ်သွားတယ်..

အထဲ​​ရောက်​တော့ ဟျူနင်းကိုခုံ​တစ်ခုံ​ပေါ်မှာ​ ထိုင်ခိုင်းပြီး ဆွယ်တာအင်္ကျီအဖြူပွပွကိုဝတ်ထားတဲ့ဆူဘင်းက အင်္ကျီလက်ကို တံ​တောင်​လောက်ထိဆွဲတင်တယ် ​ဘောင်းဘီကိုလဲနည်းနည်း​ခေါက်လိုက်တယ်..
ဘာမှမပြင်မဆင်ထားရင်​တောင် ငါ့ရဲ့ဆူဘင်းက အရမ်း​ကိုချော​နေတာပဲလို့ ဟျူနင်းကြိတ်​တွေး​နေမိတယ်..

"လိုက်ကြည့်မ​နေနဲ့ မျက်လုံးမှိတ်ထား"

ဟျူနင်းမျက်လုံးမှိတ်လိုက်​တော့ ဆူဘင်းက​ရေ​နွေး​နွေးကိုလက်ခုပ်ထဲထည့်ပြီး မျက်နှာအနှံ့ကို​ဆေး​ပေး​တယ်..နှဖူး​ပေါ်က ဆံပင်​တွေကို​တော့ လက်တစ်ဖက်နဲ့သပ်တင်​ပေးထားတယ်..ပါးနုနုကိုလဲ ​ဆေး​ပေး​နေရင်းသာသာ​လေး ညစ်လိုက်သလိုပဲလို့ ဟျူနင်းခံစားရ​ပေမယ့် မ​သေချာပါဘူး..

다시 《Again》Where stories live. Discover now