[Unicode]
"ဟယ်လို...အင်း ထယ်ဟွန်းပြော..ဟျူနင်းလား..ငါနဲ့အတူရှိနေတာမဟုတ်ဘူး...ဟင် အခုထိပြန်မရောက်သေးဘူးလား အင်း"
တခဏတာစိတ်လွတ်သွားမှုက လူကိုတကယ်အရူးတစ်ယောက်လိုဖြစ်စေတာပဲ..ဒါပေမယ့်လဲ မသိတဲ့နေရာကြီးမှာထားခဲ့မိတာတော့ ငါမှားသွားတာထင်တယ်..
အင်္ဂလိပ်လိုပြောတတ်တာပဲ တချိန်ချိန်အိမ်ပြန်ရောက်လာမှာပေါ့..ဒါပေမယ့် လမ်းမသိဘဲလျှောက်သွားနေရင်ရော...ဆူဘင်းအတွေးတွေထဲယောင်လည်လည်ဖြစ်နေတုန်း နာရီကိုကြည့်လိုက်တော့ ၉နာရီ..
အနမ်းတွေကိုနှစ်ခြိုက်ခဲ့တာ သူဆိုပေမယ့် ဘာလို့တစ်ဖက်လူကိုပဲ အပြစ်ဖို့ချင်နေရတာလဲ..ကိုယ့်ကိုကိုယ်မကောင်းတဲ့လူလို့ခံစားမိတာလဲ ဒါပထမဆုံးပဲ..
ရင်ဘတ်ထဲမှာ တမြေ့မြေ့တိုက်စားခံနေရတာက ဘာလို့မှန်းမသိတော့ဘူး...သတိပြန်ဝင်တဲ့အချိန်မှာတော့
မာဆဲရိလမ်းပေါ်ကိုရောက်နေပြီ..ညအမှောင်ကိုမာကျူရီမီးတွေက ထိန်းချုပ်ထားပေမယ့် သူ့ရဲ့နှလုံးသားကတော့ အထိန်းအကွပ်မရှိ ခုန်ပြေးနေတယ်..ဟျူနင်းကိုနောက်ဆုံးတွေ့ခဲ့တဲ့ နေရာကိုရောက်တော့ နိုင်ငံခြားသားတွေကလွဲ ရင်းနှီးတဲ့လူကိုမတွေ့...
မောဟိုက်နေတဲ့ ရင်ဘတ်တစုံကနိမ့်ချည်မြင့်ချည်ဖြစ်နေပြီးဟိုပြေးရှာ ဒီပြေးရှာလုပ်နေတဲ့ ဆူဘင်းရဲ့အခုပုံစံက ဘဝမှာအရေးကြီးတဲ့အရာတစ်ခုပျောက်လို့လိုက်ရှာနေသလိုပဲ..
ဘောင်းဘီအိတ်ကပ်ထဲက တုန်ခါမှုကိုခံစားလိုက်ရတော့မှ ပြေးနေရာကရပ်တယ်.."အာ..ပြန်ရောက်လာပြီလား..အင်းအင်း ဒါပဲနော်"
သူ့ဘာသာသူလဲအဆင်ပြေနေနိုင်ပါတယ်လေ...
အဲ့ဒီကိစ္စပြီးတော့ ဟျူနင်းက ဆူဘင်းကိုတစ်ပတ်လောက်လာမတွေ့သလို အလုပ်လဲမလာဘူး..စဥ်းစားဖို့အချိန်ယူနေတယ်ဆိုတာသိပေမယ့် ကိုယ်တိုင်ကလဲအဲ့ဒါကိုပဲလိုချင်နေတာဆိုပေမယ့် စိတ်ထဲကအလိုမကျမှုက တစ်နေ့နဲ့တစ်နေ့ပြင်းထန်လာတယ်...
YOU ARE READING
다시 《Again》
Fanfiction"우리가 다시 사랑에 빠지면.." "What if we fall in love again.." #Soobin #HueningKai