Chapter-17

503 97 5
                                    

[Unicode]

《One step back》

《ဆုံးဖြတ်လိုက်ပြီ..အကိုအတွက်ပဲဖြစ်ဖြစ် ​ခြေတလှမ်း​နောက်ဆုတ်​ပေးဖို့》
___________
"​ဒေါက်​ဒေါက်!"

"​အော်..ဟျူနင်း"

တိုးဝင်သွားတဲ့အကိုဆူဘင်းရဲ့အသံက အပြစ်ရှိတယ်လို့ကိုယ့်ကိုကိုယ်ခံစားရလို့လား..ဒီကလူနဲ့ထပ်မ​တွေ့ချင်လို့လား..

"အထဲခဏဝင်လို့ရလား"

တံခါးကိုပိုကျယ်ကျယ်ဖွင့်​ပေးတဲ့အကိုဆူဘင်းက​ခေါင်းညိမ့်တယ်..

"ဆံပင်အ​ရောင်! ​ပြောင်းလိုက်ပြန်ပြီလား"

အကိုဆူဘင်းရဲ့ ခပ်အုပ်အုပ်ဆံပင်က ခရမ်းနုက​နေ ခဲ​ရောင်လိုလို ​သေချာကြည့်​တော့အပြာ​ရောင်လိုလို​ပြောင်း​နေပြန်ပြီ..ဆံပင်​တွေပျက်စီးမှာ​မ​ကြောက်ဘူးလား..

"အင်း.."

"ဒီမှာခဏထိုင်ပါလား..​ပြောစရာရှိတယ်"

ဟျူနင်းကဆိုဖာ​ပေါ်မှာထိုင်လိုက်ရင်း ​ဘေး​နေရာကို လက်နဲ့ပုတ်ပြတယ်..

"ဟိုတ​နေ့က ကိစ္စ..အရမ်းအရမ်းကို​တောင်းပန်ပါတယ်
ကျွန်​တော်​နောက်အဲ့လိုမလုပ်​တော့ဘူး.."

"..."

ဆံပင်အ​ရောင်အသစ်နဲ့အကိုဆူဘင်းကို ဒီ​နေ့ကျမှ စိမ်းသက်​နေမိတယ်..

"ကျွန်​တော်​တောင်းပန်ပါတယ်..အကိုဖြစ်​စေချင်သလိုသူငယ်ချင်း​တွေလိုပဲ​နေကြမယ်​လေ အဲ့ဒါ​ကြောင့်..
ကျွန်​တော်မသိတဲ့​နေရာမှာ ​နောက်တစ်ခါထပ်မထားခဲ့နဲ့.."

ဟျူနင်းရဲ့စကားကိုကြား​တော့သက်ပြင်းချပြီး မျက်​တောင်ကိုမြန်မြန်ခတ်လိုက်တဲ့ ဆူဘင်းပုံစံက စိတ်သက်သာရာရသွားသလိုပါပဲ..

"မင်းရဲ့အဲ့ဒီစကားက တကယ်လား.."

နည်းနည်း​လေး​တောင်ဟန်မ​ဆောင်တတ်ဘူး...

"အင်း..တကယ်.."

နှုတ်ခမ်း​ထောင့်စွန်း​လေးကပြုံးသ​ယောင်​ယောင်​ကွေးတတ်သွားတာမြင်လိုက်ရ​တော့ ​ပြောပြီးသမျှပြန်ရုတ်သိမ်းလိုက်ချင်ပြန်တယ်..ကိုယ့်ကိုကိုယ်မထိန်းနိုင်မှာ​ကြောက်တာမို့...

다시 《Again》Where stories live. Discover now