Chapter-25(final)

976 108 13
                                    

[Unicode]

"အစ်ကို..ကျွန်​တော့​ကိုမွေး​နေ့လက်​ဆောင်ဘာ​ပေးမှာလဲ.."

ဟျူနင်းက ​ဘေးခုံ​မှာထိုင်​နေတဲ့ဆူဘင်းလက်ကိုလှမ်းကိုင်ရင်း​မေး​တော့ ဘတ်စ်ကားရဲ့ပြတင်းက​နေ ​ရွေ့လျား​နေတဲ့အရာ​တွေကို ကြည့်​နေရာက​နေ ဟျူနင်းဘက်လှည့်လာပြီး​ပြောတယ်..

"​အဲ့ဒါကို ငါကပြောပြစရာလား"

မျက်ခုံးကိုပင့် ပင့်ပြီး​ပြောတဲ့ ဆူဘင်းရဲ့ပုံစံက ဟျူနင်းကိုအသည်းယား​စေတယ်..ဘတ်စ်ကား​ပေါ်မှာသာ မဟုတ်ရင်​နော်..

"အဟမ်း..​နေ​ပေါ့ မ​ပြောပြချင်လဲ..
ကျွန်တော်က အစ်ကိုရှိရင်ရပြီ"

​မွေး​နေ့ရှင်ဟျူနင်းရဲ့ မျက်လုံးနားထိအုပ်ခါနီး ဆံပင်ခပ်လိပ်လိပ်ကို ဆူဘင်းလက်နဲ့သပ်တင်​ပေးလိုက်ပြီး ​ပြောတယ်..

"အဲ့ဒါဆို လက်​ဆောင်​တောင်မလို​တော့ဘူးပဲ"

"မ..မဟုတ်ဘူး​လေ အစ်ကို​ပေးတဲ့လက်​ဆောင်ဆိုရင်​တော့ လိုချင်တာ​ပေါ့"

__♡__
"ဟက်ပီဘတ်​ဒေး!! ဟျူနင်းခါအီ🎉🎉"

ရုံးခန်းထဲကိုဝင်လိုက်တာနဲ့ ​​ဗျောက်ကနဲ​ဖောက်သံနဲ့ အတူ ​မွေး​နေ့ကိုဂုဏ်ပြု​ပေးတဲ့အသံ​တွေကြားလိုက်ရတယ်..တစ်ဆက်တည်းမှာပဲ လက်ထဲကို​ရောက်လာတာက အရွယ်စုံလက်​​ဆောင်ဘူး​လေး​တွေ..

"အားလုံးကို​ကျေးဇူးတင်ပါတယ် ဒီ​လောက်ထိလုပ်​ပေးဖို့မလိုတဲ့ဟာကို..ဒီ​​နေ့ ​နေ့လည်စာကျွန်​တော်ဒကာခံ
မယ်!"

ဟျူနင်းပြော​တော့ လုပ်​ဖော်ကိုင်ဖက်​တွေအကုန်လုံးလက်ခုပ်​တွေထတီးကြတယ်..​နောက်က ဆူဘင်းက​တော့ ပီတိပြုံး​လေး​နဲ့​ပေါ့..

"​ခါအီ​သိလား..တစ်ပတ်လုံးဆူဘင်းက "၁၄ရက်​​နေ့က ဟျူနင်း​မွေး​နေ့ ​သောကြာ​​နေ့ကဟျူနင်း​မွေး​နေ့" ဆိုပြီး တ​ပြော​ပြောလုပ်​နေလို့ ငါတို့သိရတာ..တကယ်ကို ချစ်..အာ ​ဆောရီး သူငယ်ချင်းပီသတာပဲလို့"

အခန့်မသင့်ရင် လျှို့ဝှက်ချက်​တွေ​​ပြောမိကုန်တော့မယ့် မာရီယာက သူ့ပါးစပ်သူတရိုက်ရိုက်လုပ်​နေတယ်..
​နောက်ကိုလှည့်ကြည့်တဲ့ အဓိပ္ပါယ်​​ဖော်မရတဲ့အပြုံးနဲ့ဟျူနင်းကို​တော့ ဆူဘင်းရယ်ပြလိုက်တယ်..
_________
"ဟက်ပီဘတ်​ဒေး အူရီဟျူနင်းခါအီ🎂🎉🎉!!"

다시 《Again》Where stories live. Discover now