[Unicode]
ကြယ်တွေစုံတဲ့ညဆိုပေမယ့် ယောန်ဂျွန်းမပျော်နိုင်သေးဘူး..
မျက်နှာပေါ်က ဘောမ်ဂယူပေးလိုက်တဲ့ မြင်သာမြင်ဖူးတာ တစ်ခါမှမကပ်ဘူးသော facial maskဆိုတဲ့အရာကလဲ ယားကျိကျိ..ဆွဲခွာလိုက်ချင်ပေမယ့် "မိနစ်၂၀အတိကျမှာ ခွာနော်!"ဆိုတဲ့ ဘောမ်ဂယူရဲ့အသံကျယ်ကျယ်က နားထဲမှာတဝဲလည်လည်.."မနက်ဖြန်အဆင်ပြေပါ့မလား"
ပုံမှန်စတိုင်ကျကျနေတတ်တယ်ဆိုတာက ငယ်ငယ်တည်းက မေမေက ဝတ်တတ်စားတတ်အောင်သင်ပေးထားခဲ့တာရယ် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတာရယ်
ကြောင့်လောက်ပဲ..ဒါပေမယ့်အခုလိုမျိုး လူတွေအလည် စင်ပေါ်မှာ မော်ဒယ်လုပ်ဖို့ဆိုတာကတော့ ဘဝရဲ့အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုလို အတော်လေးသတ္တိမွေးရမယ်ထင်တယ်..
______
"ဘောမ်ဂယူ!!ထတော့!!"ခန္ဓါကိုယ်ကထချင်နေပြီ ဒါပေမယ့်မျက်လုံးကိုဖွင့်မရတာမျိုးလူတိုင်းကြုံဖူးကြမှာပါ..အထူးသဖြင့် တစ်ညလုံးဖုန်းကြည့်မိရင်ပေါ့..
"ထ..ပြီ.."
ငုတ်တုတ်ထထိုင်ပြီး အတင်းမျက်လုံးကိုဖွင့်ကြည့်တော့ ခုနကလာအော်သွားတဲ့ အကိုဆူဘင်းမရှိတော့ဘူး..
"အား မျက်လုံးအောင့်လိုက်တာ.."
တွေ့ရာအင်္ကျီကိုကောက်စွပ်ပြီး အပြင်ထွက်တော့မှ အမြဲတမ်းထတဲ့အထိနှိုးတတ်တဲ့ အကိုဆူဘင်းက ဒီနေ့မှတစ်ခါထဲအော်ပြီးထွက်သွားရတဲ့ အကြောင်းပြချက်ကိုတွေ့တယ်..
"အစ်ကိုဘောမ်ဂယူ ထပြီလား ဂွတ်မောနင်း~"
"မင်းကအစောကြီးဘာလာလုပ်တာလဲ"
ဟျူနင်းရှေ့မှာ ဆံပင်ပွယောင်းယောင်းကို လက်နဲ့ထိုးဖီးရင်း မျက်လုံးတွေဖောင်းအစ်နေတဲ့ ဘောမ်ဂယူပုံစံက လမ်းထဲက ညစ်ပေတူးကလေးလိုပဲလို့ ဟျူနင်းတွေးမိတယ်..
"သူလာတာ စောတာမဟုတ်ဘူး မင်းထတာနောက်ကျနေတာ ဘောမ်ဂယူ..ညက ဂိမ်းတွေဆော့ပြီး နောက်ကျမှအိပ်တာလား မျက်လုံးကလဲဖောင်းနေတာပဲ"

YOU ARE READING
다시 《Again》
Fanfiction"우리가 다시 사랑에 빠지면.." "What if we fall in love again.." #Soobin #HueningKai