Chapter-19

508 99 6
                                    

[Unicode]

《Fireworks from my heart》

"ဟျူနင်း ဒီဘက်လှည့်ဦး..အဟိအဟိ!မင်းမျက်နှာကလဲ"

လာဗင်ဒါခင်းကို​လျှောက်ကြည့်​ပြီး​တော့ ​ဘေးကဧည့်သည်​တွေနားတဲ့​နေရာမှာ ဂိမ်း​ဆော့ကြ​​သေးတယ် ရှုံးတဲ့လူမျက်နှာမှာ နှုတ်ခမ်းနီနဲ့ပုံဆွဲ​ကြေးမို့
၁၀ပွဲမှာ ခြောက်ခါရှုံးတဲ့ဟျူနင်းရဲ့မျက်နှာမှာ ပုံမျိုးစုံတွေ​နဲ့ နီရဲ​နေပြီ..
အဲ့ဒါ​တွေကို ဆူဘင်းက အလိုက်တသိwet tissueနဲ့သုတ်​ပေး​နေတယ်..

"အာအီဂိုး မျက်နှာ​တွေနီကုန်ပြီ..အဲ့ဒါ​ကြောင့်ဘာလို့နိုင်​အောင်မ​ဆော့တာလဲ"

ဟျူနင်း ပြုံးသာပြုံး​နေလိုက်တယ်..ပုံမှန်ဆို ဟျူနင်းကဂိမ်းဆို ညစ်ပြီး​ဆော့​နေကျ..အဲ့ဒါ​ကြောင့်ခဏခဏ ထယ်ဟွန်းရဲ့အထုအ​ထောင်းခံရတယ်..
ဒါ​ပေမဲ့ အကိုဆူဘင်းရှိ​နေတဲ့ဂိမ်းဆိုရင်​တော့ ရိုးသားမှုရဲ့တမန်​တော်ကြီးလုပ်​နေမိပြီး ရှုံးပြီးရင်းရှုံးဖြစ်​နေတာ​..
အဆင်​ပြေပါတယ် အကိုဆူဘင်းမရှုံးရင်ပြီးတာပဲမဟုတ်လား..

"ကဲ ဒါဆို ဟိုနားဒီနား​လျှောက်ကြည့်ပြီးပြန်ကြမလား"

ချာလီက လူ​တွေစုပြီးကား​ပေါ်တက်​စေတယ်..ပြီး​တော့ ရုံးကို ပြန်လာခဲ့ကြတယ်..
_____
​ဘောမ်ဂယူ ဒီ​နေ့​တော့မတင်မကျဖြစ်​နေတဲ့ကိစ္စကြီးကိုအပြတ်ရှင်းဖို့ ​ချောင်း​ပေါက်​အောင်လာ​ဖြစ်တဲ့ ​
ယောန်ဂျွန်းရဲ့​ပေါင်မုန့်ဆိုင်​လေးဆီကို ထွက်လာခဲ့တယ်..
သူ့ရင်ထဲမှာအ​ဖြေကရှိ​နေပြီးသားဆို​​ပေမယ့် ​ယောန်ဂျွန်းဘက်ကပြတ်သားဖို့လဲလို​သေးတယ်မလား..

"အကို!"

တုန်သွားတဲ့​ကျောပြင်ပိုင်ရှင် အကို​ယောန်ဂျွန်းက လန့်သွားတာလား ​နောင်တရ​နေတာလား..

"​အော်..အင်း..​ဘောမ်ဂယူ​ရောက်လာပြီလား"

​​"လာထိုင်ဦး"

​ဘောမ်ဂယူ​ရှေ့မှာလာထိုင်တဲ့​​ယောန်ဂျွန်းက ​နေမထိထိုင်မသာဖြစ်​နေသလိုပဲ..​ခေါင်းကုတ်လိုက် နှုတ်ခမ်းသတ်လိုက်နဲ့..ဟိုတ​​နေ့က လူတတ်ကြီးလို အ​ဖြေ​တောင်းခဲ့တာ သူမဟုတ်သလိုပဲ..

다시 《Again》Where stories live. Discover now