[Unicode]ဆူဘင်းဒီနေ့အရမ်းကို စိတ်ရှုပ်ပြီးစိတ်တိုလွယ်နေတာမို့ နေ့လည်စာတောင်မစားတော့ပဲ ရုံးခန်းထဲမှာပဲမှောက်အိပ်နေလိုက်တယ်..စောစောပြန်ချင်ပေမယ့်လဲ အပြီးသတ်ရမယ့် ဒီဇိုင်းတွေရှိသေးတာမို့ အလုပ်ကိုပဲအာရုံစိုက်ဖို့ဆုံးဖြတ်လိုက်တယ်..
"အာ..ဒီစက်ကလဲတကယ်ကိုပဲ!"
ဆွဲထားတဲ့ အိမ်ဒီဇိုင်းတွေကို ကော်ပီကူးဖို့ မိတ္တူကူးစက်ကိုဖွင့်နေပေမယ့် အကျိုးမပေးတဲ့စက်က မှင်တွေထပ်ပြီး မလှမပတွေထွက်လာတယ်..စိတ်ပေါက်ပေါက်နဲ့ စက်ကိုပိတ်ကန်လိုက်တော့ အထဲကလုပ်ဖော်ကိုင်ဖက်အကို တစ်ယောက်ကထွက်လာတယ်..
"ဆူဘင်း..အဆင်ပြေရဲ့လား..ဘာကူညီပေးရမလဲ"
"အဆင်မပြေဘူး..အကို ဒီစက်က ပျက်နေတာလား"
ပြောရင်းထပ်ကန်လိုက်တဲ့ ဆူဘင်းကြောင့် ရှေ့ကလူပါလန့်သွားတယ်..တစ်ခုခုတော့လုပ်ဖို့လိုနေပြီ..
____
"အမေ! ကျွန်တော်ပြန်လာပြီ"အကိုယောန်ဂျွန်း လမ်းမှာပြောပြသလောက်ကတော့ အမေဖြစ်သူက အကို၁၀နှစ်လောက်ကအက်ဆီးဒန့်တစ်ခုကြောင့် စကားမပြောနိုင်တော့ဘူးတဲ့..တိုက်ဆိုင်တာက ကျွန်တော်လဲငယ်ငယ်တုန်းက စကားမပြောနိုင်တော့တဲ့အဘွားအတွက် sign languageသင်ဖူးတာမို့ အကို့အမေပြောတာတွေနားလည်နိုင်မယ်ထင်တယ်..
"မင်္ဂလာပါ တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ ချွဲဘောမ်ဂယူပါ"
အကိုယောန်ဂျွန်း ဘာလို့အရမ်းချောနေရလဲဆိုတဲ့အကြောင်းပြချက်က အခုကျွန်တော့ရှေ့မှာတင် ထိုင်နေတယ်..ပြီးတော့ အရမ်းလှတဲ့အပြုံးနဲ့ကျွန်တော့ကိုပြုံးပြတယ်..
"အမေ ကျွန်တော်ပြောတဲ့ သူငယ်ချင်းဆိုတာလေ..
ဘောမ်ဂယူ ခဏစကားပြောပေးထားနော် အကိုကော်ဖီသွားဖျော်ဦးမယ်""ဟုတ်"
______
ကော်ဖီဖျော်နေတုန်း အိမ်ရှေ့ခန်းက ဘောမ်ဂယူ့ရဲ့ရယ်သံကျယ်ကျယ်ကိုကြားတယ်..တဆက်တည်းမှာပဲ မကြားရတဲ့နှစ်ချီနေတဲ့ အမေ့ရဲ့ရယ်သံသဲ့သဲ့ကိုပါကြားလိုက်ရတာမို့ ကော်ဖီခွက်၂ခွက်ကို ကိုင်ပြီးအမြန်အိမ်ရှေ့ခန်းကိုထွက်တော့..
YOU ARE READING
다시 《Again》
Fanfiction"우리가 다시 사랑에 빠지면.." "What if we fall in love again.." #Soobin #HueningKai