[Unicode]
နေမကောင်းနေတဲ့လူကို ကုရတာလွယ်သလောက် နေမကောင်းချင်ယောင်ဆောင်နေတဲ့လူကို ကုရတာခက်လွန်းတယ်..အဲ့လိုပဲ သူ့ရှေ့မှာ မသိချင်ယောင်ဆောင်တည်ငြိမ်လွန်းနေတဲ့ ချစ်သူဟောင်းကိုမြင်ရတာ ဟျူနင်းကို နှစ်ဆပိုပင်ပန်းစေပါတယ်
စကားပြောဖို့ စလိုက်တိုင်း အလုပ်အကြောင်းတွေပဲ တဆက်တည်းပြောနေတဲ့ အင်ဂျင်နီယာချွဲရဲ့ နှုတ်ခမ်းဆူဆူနုနုတွေကိုအရင်ကလို ကိုက်ဆွဲပစ်လိုက်ချင်စိတ်က တစ်နေ့မှာအခါနှစ်ဆယ်လောက်ဝင်မိတယ်.."မန်နေဂျာ.."
"အင်း."
"ဒါလေးတစ်ချက်လောက် အဆင်ပြေ မပြေကြည့်ပေးပါလား"
ဟျူနင်းကောင်းကောင်းမအိပ်ရတာ တစ်လကျော်ရှိနေပြီ လူကလဲနည်းနည်းဆိုများများပင်ပန်းနေတတ်တယ် အရေးထဲ မျက်စိရှေ့ကိုရောက်ရောက်လာတဲ့ တစ်ယောက်ကြောင့်လဲ စိတ်တွေရှုပ်ထွေးရတယ်..အခုလဲ ည၁၁နာရီကျော်အချိန်မှာ အလုပ်ခန်းထဲမယ် နှစ်ယောက်တည်း..
"ပြေပါတယ် ဒီအဆောက်အဦးနဲ့ပတ်သတ်လာရင် ငါသေချာမသိတာမို့ အင်ဂျင်နီယာလီကိုပဲပြလိုက်""ဟုတ်ကဲ့..ဒါဆိုကျွန်တော်ပြန်လို့ရပြီလား"
ဟျူနင်းလက်ပတ်နာရီကို တချက်ကြည့်လိုက်တယ်..၁၁နာရီခွဲ..
"ကိုယ်လိုက်ပို့ပေးမယ် နောက်ကျနေပြီ"
နေသားကျနေတဲ့နာမ်စား..အချိန်တွေကြာသွားတာတောင် ရင်းနှီးနေသေးပေမယ့် သဘောတော့မကျတော့ဘူး..
"အော်...ကျွန်တော်လဲပြန်တော့မှာမို့"
"ဟုတ်..အဲ့လိုလုပ်ပေးမယ်ဆိုရင် ကျွန်တော်ကတော့ ကျေးဇူးတင်တာပေါ့"
အိမ်ပြန်နေတဲ့လမ်းတစ်လျှောက်မှာ ဆူဘင်းကခဏခဏသမ်းတယ်..သက်တောင့်သက်သာမဖြစ်မှာစိုးရိမ်နေခဲ့ပေမယ့် အခုတော့တကယ်သက်တောင့်သက်သာဖြစ်မနေတာ ဟျူနင်းကိုယ်တိုင်ပဲ...ဆူဘင်းရဲ့ လာဗင်ဒါနံ့ရောနေတဲ့ ရေမွှေးနံ့က သူ့ကားကိုလှိုက်စားနေသလို သူ့နှလုံးသားကိုလဲ တိုက်စားနေတယ်..
တစ်ယောက်တည်းကားလမ်းမပေါ်မှာအတွေးတွေများနေချိန် ဆူဘင်းကိုလှည့်ကြည့်မိတော့ ပါးစပ်လေးဟပြီးအိပ်ပျော်နေပြီ..
![](https://img.wattpad.com/cover/232535525-288-k340063.jpg)
YOU ARE READING
다시 《Again》
Fanfiction"우리가 다시 사랑에 빠지면.." "What if we fall in love again.." #Soobin #HueningKai