Chapter-13

569 111 9
                                    

[Unicode]

"​ဘောမ်ဂယူက ပင်လယ်စာမစားဘူးဆို​တော့ ဒီအတန်းကိုမဝင်​တော့ဘူး..မင်း​ရောစားချင်​သေးလား"

အကိုဆူဘင်းရုံးဆင်း​တော့ ဒိတ်လုပ်မလားမှတ်တယ်..သူက​အကို​ဘောမ်ဂယူရဲ့​မွေး​နေ့ပါတီလုပ်မလို့ ​စျေးဝယ်ထွက်တာကိုး..

"​ကျွန်​တော်ကဘာဖြစ်ဖြစ်ရပါတယ်"

ပစ္စည်းအပြည့်နဲ့ တွန်းလှည်းကိုတွန်းပြီး နောက်က​နေလိုက်​နေရတယ့် ဟျူနင်းကနှုတ်ခမ်းဆူပြီး​ပြော​တာ​တောင် ဆူဘင်းကအလိုက်မသိဘူး..
_____
အိမ်ပြန်​ရောက်​တော့ ​ဘောမ်ဂယူကပြန်မလာ​သေးဘူး..ပြင်ဆင်စရာရှိတာ​တွေကို ပြင်ဆင်​နေတုန်း ထယ်ဟွန်း ​ရောက်လာတယ်..

"ဟျူခါ! အကိုဆူဘင်း! ကျွန်​တော်​ရောက်ပြီ ကိတ်ဝယ်လာတယ် ဟျူခါကမဝယ်ရ​သေးဘူး​ပြောလို့"

ထယ်ဟွန်းကကိတ်မုန့်ဘူးကို​မြှောက်ပြရင်း​ပြောတယ်..

"အင်း ​ကောင်းတယ်ထယ်ဟွန်း ဒီမှာလာကူလိုက်ဦး"

သုံး​ယောက်အားနဲ့ပြင်ဆင်လိုက်​တော့ ခဏ​လေးအတွင်းမှာ ပါတီလုပ်ဖို့အဆင်သင့်ဖြစ်သွားတယ်..၈နာရီထိုး​ခါနီး​တော့ ​ဘောမ်ဂယူကပြန်​ရောက်လာတယ်..
____
​ဘောမ်ဂယူတံခါးဖွင့်ပြီးအိမ်ထဲဝင်ဝင်ချင်းမှာပဲ အရမ်းအရမ်းကိုကျယ်လွန်းတဲ့အသံကိုကြားလိုက်ရတယ်..လင်းပိုင်စခန်း​တွေဘာ​တွေထဲများမှားဝင်လာလားလို့​တောင်ထင်ရတယ်..

"ဝါး!!!!!!!!!​အကိုဘောမ်ဂယူ!!!!!!!ဟက်ပီး!!!!ဘက်​ဒေး!!!ဝိုး!!!!!" (imagine in hk's dolpine scream)

"ဟျူနင်းခါအီ အရမ်းများသွားပြီ"

​ဘေးကထယ်ဟွန်းက​ပြောမှ ဟျူနင်းကရှက်ရယ်ရယ်တယ်..​ဆူဘင်းက​တော့​ ပြုံး​ပဲပြုံးနေတယ်..ပြီး​တော့မှ ​ဘောမ်ဂယူမျက်လုံးကိုလက်နဲ့အုပ်ပြီး မီးဖိုခန်းကပြင်ဆင်ထားတဲ့ပါတီဆီကို​ခေါ်သွား​တော့ ​​​မွေး​နေ့ရှင်က သုံး​ယောက်လုံးကိုဖက်ပြီး ငိုတယ်..​ကျေးဇူးတင်ပါတယ်လို့လဲ တတွတ်တွတ်​ပြော​သေးတယ်...

"ဒါဆို ဒီ​နေ့​တော့မူးသွား​အောင်​သောက်ကြမလား"

"ကျွန်​တော်က မနက်ဖြန်အလုပ်သွားရ​ဦးမှာ ​တော်သင့်ရုံပဲ​သောက်မယ်"

다시 《Again》Where stories live. Discover now