[Unicode]
"တင်းတောင်"
"ဘယ်သူလဲ"
အထဲဝင်လာတာက မတွေ့ရတာကြာတဲ့ညီလေးတစ်ယောက်..
"ဝိုး~~လာ ညီလေး လာ"
"ဝတ္ထုတွေရေးနေတုန်းလား အကိုဘောမ်ဂယူ အာ အဲ့လိုမေးရမှာမဟုတ်ဘူးပဲ ပြသာနာရှာနေတုန်းပဲလား အကို"
ထယ်ဟွန်းက ဘောမ်ဂယူပုခုံးကိုဖက်လိုက်ရင်းပြောတယ်..
"မင်းလဲသိတဲ့အတိုင်း စာရေးတာက ငါ့ဘဝရဲ့အနှစ်သာရလေ"
"အဲ့ဒါဆိုလဲ ကိုယ့်လက်ပ်တော့ပေါ်မှာပဲရေးလေ ဘာလို့သူများအတွဲကြားထဲမှာ ဇာတ်လမ်းတွေလိုက်ရေးနေတာလဲ"
"ဟေ့ ဘရားသား..မင်းကဟိုကောင်လေးရဲ့သူငယ်ချင်းဆိုတော့ ဟိုကောင်လေးဘက်ကပဲလိုက်မှာပေါ့..ဒါပေမယ့် ငါကချွဲဆူဘင်းရဲ့သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးလေ..ငါ့သူငယ်ချင်းခံစားနေရတာကိုထိုင်မကြည့်နေနိုင်ဘူး"
"စကားတွေတတ်နေတာပဲ စာရေးဆရာလို့မပြောရဘူး"
ထယ်ဟွန်းက ဘောမ်ဂယူပုခုံးကိုဖက်နေရာကနေ ညစ်သလိုလုပ်နေတယ်..
"ဖယ်ဖယ်!!လည်ပင်းအစ်လာပြီ!!"
__🏠မာဆဲရိမြို့တစ်နေရာ__
"ဆူဘင်း ဒီတခေါက်ရော ဘာအရောင်လဲ.."
"ခရမ်းနုဆိုးပေး အကို"
မနေ့ညကအိပ်မက်မက်တယ်..သစ်ပင်ကြီးတစ်ပင်ကိုမှီပြီးထိုင်နေတဲ့သူ့ပေါင်ပေါ်မှာဟျူနင်းက အိပ်နေတယ်တဲ့..အရမ်းကိုနှစ်နှစ်ခြိုက်ခြိုက်ပဲ..ဟျူနင်းရဲ့ဆံပင်ဖွာဖွာလေးကိုထိကိုင်ခွင့်ရခဲ့သလို မှိတ်ထားတဲ့မျက်ခွံလေးကိုလဲ နမ်းခွင့်ရခဲ့တယ်..သူ့လက်တစ်ဖက်ကိုဆုပ်ကိုင်ထားတဲ့ အိပ်မက်ထဲကဟျူနင်းက ရှပ်အင်္ကျီခရမ်းနုလေးကိုလဲဝတ်ထားသေးတယ်...
ဆူဘင်းက တပတ်လုံးအလုပ်လုပ်ပြီးစီနီယာဖြစ်ခဲ့တဲ့အင်ဂျင်နီယာရဲ့သင်တန်းမှာ စနေနေ့ဆိုစာသင်ပေးနေတယ်..အင်ဂျင်နီယာအလုပ်ကလစာကောင်းပေမယ့် တိုက်ခန်းငှားခနဲ့တင် ထက်ဝက်ကျော်ကုန်နေပြီမို့ အပိုဝင်ငွေရအောင်လို့ ကမ်းလှမ်းလာတုန်းက လက်ခံခဲ့တယ်..
ကိုယ်စိတ်ဝင်စားတဲ့အလုပ်မို့လို့ပင်ပန်းပေမယ့်လဲ အဆင်ပြေပါတယ်..
YOU ARE READING
다시 《Again》
Fanfiction"우리가 다시 사랑에 빠지면.." "What if we fall in love again.." #Soobin #HueningKai