[Unicode]
"အကို..အတူတူပြန်မယ်လေ"
ညနေရုံးဆင်းချိန်ရောက်တော့ ပစ္စည်းတွေသိမ်းနေတဲ့ဆူဘင်းခုံနားမှာ ဟျူနင်းယောင်လည်လည်လုပ်နေပြီးပြောလိုက်တယ်..
"ပြန်မဖြေဘူးဆိုတော့ တူတူပြန်မယ်ဆိုတဲ့သဘောပေါ့"
ဆူဘင်းမော့ကြည့်လိုက်တယ်..
"ငါမြေအောက်ရထားနဲ့ပြန်မှာ"
"ရတယ်လေ ကျွန်တော်လဲစီးဖူးချင်နေတာ"
ရထားပေါ်ရောက်တော့ ရုံးဆင်းချိန်မို့လို့ နည်းနည်းကျပ်နေတာကြောင့် ဟျူနင်းနဲ့ဆူဘင်းမတ်တပ်ပဲရပ်နေရတယ်..
"အကိုရောက်တော့မှာလား"
ဘေးမှာ လက်တန်းကိုကိုင်ပြီး ရပ်နေတဲ့ ဆူဘင်းက
ရထားနံရံက မှတ်တိုင်တွေရေးထားတဲ့စာရွက်ကိုကြည့်တယ်.."၄မှတ်တိုင်..ဘာလို့လဲ မူးလို့လား"
"မဟုတ်ပါဘူး.."
သူတို့၂ယောက်လိုမျိုးမတ်တပ်ရပ်နေရတဲ့လူတွေလဲများတာမို့ ဟျူနင်း ဆူဘင်းဘေးကိုနည်းနည်းပိုတိုးလိုက်တယ်..
နှစ်ယောက်သားက အရပ်ကလဲရှည် ရုပ်ရည်ကလဲပြေပြစ်တော့ ရှေ့ကခုံမှာထိုင်နေတဲ့ ပြင်သစ်ကောင်မလေးတွေကငမ်းနေကြတာ အသိအသာပဲ.."အဟမ်းအဟမ်း!"
ဟျူနင်းချောင်းဟန့်လိုက်တယ်..ဒီမိန်းကလေးတွေက ရာရာစစဘယ်သူ့ကိုလာငမ်းနေတာလဲ..
ဘေးဘက်ကိုလှည့်ကြည့်တော့ နားကျပ်တပ်ထားတဲ့ဆူဘင်းက နှုတ်ခမ်းကပွစိပွစိနဲ့ သီချင်းလိုက်ညည်းနေတာထင်တယ်..
ချစ်ဖို့ကောင်းလို့ကြည့်နေတုန်း ဆူဘင်းဘေးက ခပ်ထွားထွားလူရဲ့ မရိုးမသားအကြည့်တွေကြောင့် ဟျူနင်းပြာယာခတ်သွားတယ်..
သေချာပြန်ကြည့်လိုက်တော့ ဆူဘင်းကိုကြည့်နေတာထက် ဆူဘင်းလွယ်အိတ်ကိုကြည့်နေတာ..
ဆူဘင်းကိုပဲအသိပေးရမလား အော်ပဲအော်လိုက်ရမလားစဥ်းစားနေတုန်း ဘေးကလူရဲ့လက်ထဲမှာ ဓါးတိုကိုလျှပ်တပြက် တွေ့လိုက်တာမို့ ဟျူနင်းထပ်တွေးမနေတော့ပဲ ဆူဘင်းကိုအတင်းဆွဲလိုက်ပြီး သူ့ရှေ့ကိုပို့လိုက်တယ်..
ကိုယ်တိုင်ကတော့ ခဏလေးအတွင်းမှာပဲ လက်မောင်းတစ်လျှောက် ပူကနဲခံစားလိုက်ရတယ်..
YOU ARE READING
다시 《Again》
Fanfiction"우리가 다시 사랑에 빠지면.." "What if we fall in love again.." #Soobin #HueningKai